ဖင်​လန်​နိုင်ငံ​တွင်​ ​ရာ​သီဥ​တု​ ​ဆိုး​ရွား​ဖောက်​ပြန်​

alt

ဖင်လန် နိုင်ငံတွင် ရာသီဥတု ဆိုးရွား ဖောက်ပြန်မှုများ ဖြစ်ပေါ် နေသဖြင့် လူ ၄၀ မျှ ထိခိုက် ဒဏ်ရာ ရရှိ ခဲ့ကြောင်း သိရသည်။

ဟယ်ဆင်ကီး မြို့တော်တွင် ယခု သီတင်းပါတ်အတွင်း လေပြင်းများ တိုက်ခတ်ကာ တိမ်ထူပြီး လျှပ်စစ် မုန်တိုင်းများ ကျရောက် နေသည်။

ဟယ်ဆင်ကီး အနီးရှိ ပေါတွင် ဂီတပွဲတစ်ခု ကျင်းပ လျက်ရှိရာ ပြင်းထန်သော လေများ တိုက်ခတ်ခြင်း ကြောင့် လူအများ ထိခိုက် မိကုန်ပြီး ယင်းတို့ အနက် ၂ ဦးမှာ အခြေအနေ ဆိုးသည်ဟု သတင်းများက ဖော်ပြ ထားသည်။ ပေါတွင် ကျင်းပ နေသည့် Sonisphere ဂီတပွဲ အတွင်း လူအများ ဒဏ်ရာ ရခဲ့ကြောင်း ဖင်လန် အစိုးရက အတည်ပြုခဲ့ပြီး ထိခိုက် မိသူများအား နီးစပ်ရာ ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့သည်။ Iron Maiden ဂီတအဖွဲ့၏ ဖျော်ဖြေပွဲကို ဖျက်သိမ်း လိုက်ရသလို ယင်း ဂီတအဖွဲ့ စီးနင်းလာပြီး ဟယ်ဆင်ကီး လေဆိပ် တစ်ခုတွင် ရပ်နားထားသော လေယာဥ်မှာလည်း ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရသည်။

ဟယ်ဆင်ကီး မက်ထရိုပိုလီတန် ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက မိုးများရွာသွန်းပြီး လျှပ်စီးများ လက်နေခြင်းကြောင့်လည်း မုန်တိုင်းကြီးတစ်ခု တိုက်ခတ်နေသည့် ကာလမျိုး ဖြစ်နေကြောင်း ပြောကြားခဲ့သည်။ ဟယ်ဆင်ကီးတွင် ဩဂုတ်လ ၁၀ ရက်နှင့် ၁၁ ရက်နေ့များအတွင်း ရာသီဥတု ဆိုးရွားနေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here