နည်း​ပ​ညာ​ဖြင့်​ ​လိမ်​လည်​ခံ​ခဲ့​ရ​သည့်​ ​စင်​ကာ​ပူ​နိုင်ငံ​သား​များ

alt

စင်္ကာပူ နိုင်ငံရှိ လူ ၅ ဦးတို့သည် နည်းပညာ ခေတ်တွင် လိမ်လည်မှု၏ သားကောင် ဖြစ်ခဲ့ ရရှာသည်။ အနည်းဆုံး လူ ၅ ဦးတို့မှာ Facebook​ မှတဆင့် ၎င်းတို့၏ မိတ်ဆွေ အမျိုးသမီး၏ ငွေကြေး လိမ်လည် ရယူမှုနှှင့်​ ကြံုခဲ့ရကြောင်း သိရသည်။

နစ်ကိုတေး အမည်ဖြင့် လာရောက် မိတ်ဖွဲ့သူ တစ်ဦးနှင့် အပေါင်းအသင်း ဖြစ်ခဲ့​ ပြီးနောက် သူမသည် အပြော ကောင်းကောင်း​ နှင့် ငွေချေး ခဲ့သည်ဟု​ ဆိုသည်။ ပိုက်ဆံ ရပြီး​ ချိန်တွင်မူ နစ်ကိုးသည် Facebook​ မှ ပျောက်ချင်း​ မလှ ပျောက်ကွယ် သွားတော့သည်။ ထို့ကြောင့် ငွေချေး လိုက်သူများသည် Facebook​ မှ လိပ်စာ အတိုင်း လိုက်လံ စုံစမ်းရာ တိုက်ခန်း ပိုင်ရှင်က နစ်ကိုး အမည်ရှိ အမျိုးသမီး လုံးဝ နေထိုင်ခြင်း မရှိကြောင်း ငြင်းဆိုခဲ့သည်။

နောက်ပိုင်းတွင် ၎င်းတို့ အချင်းချင်း တွေ့ဆုံ မိပြီးနောက် စုစုပေါင်း စင်္ကာပူ ဒေါ်လာ ၁၅၀၀ ကျော်ဖိုးမျှ အလိမ် ခံလိုက် ရကြောင်း သဘောပေါက် လာတော့သည်။ ကမ္ဘာကျော် Social Networking ဝက်ဆိုက်ကြီးမှ တဆင့် ပိပိရိရိ အလိမ်ခံ လိုက်ရသူများ အနက် တစ်ဦးက သူမသည် မိတ်ဆွေ သူငယ်ချင်း တစ်ဦးကဲ့သို့ပင် ပြောဆို ဆက်ဆံကြောင်း၊ သူမသည် ဟောင်ကောင်မှ ရောက်လာပြီး ငွေကြေး အကြပ်အတည်း အနည်းငယ် တွေ့နေသဖြင့် ပိုက်ဆံချေး လိုကြောင်း ကမ်းလှမ်း ခဲ့ပြီး မိမိက စင်္ကာပူ ဒေါ်လာ ၅၀ ချေးပေး လိုက်မိကြောင်း ဝန်ခံ ပြောကြား သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here