​အ​သား​စား​​ ဘက်​တီး​ရီး​ယား​ပိုး​ ​တိုက်​ခိုက်​ ခံ​ရ​သည့်​ ​အ​မေ​ရိ​ကန်​​ အ​မျိုး​သ​မီး

alt

ဆန်ဒီဝီဆင်၏ ဘဝသည် လွန်ခဲ့သော ၅ နှစ်က ဆိုးဆိုး​ ရွားရွား ငရဲဘုံနှင့် တွေ့ကြံု​ ခဲ့ရသည်။ သူမသည် အလွန်​ ကြောက်စရာ​ ကောင်းသည့် အသားစား ဘက်တီးရီးယားပိုး တစ်မျိုး၏ နှိပ်စက်မှုနှင့် ကြံုခဲ့​ ရခြင်း​ ဖြစ်သည်။

အမေရိကန်​ နိုင်ငံမှ အသက် ၃၄ နှစ်အရွယ် ရှိပြီ​ ဖြစ်သော ဆန်ဒီက ထိုပိုးမွှား၏ ဝါးမျိုမှုကြောင့် သူမ၏ ဝမ်းဗိုက်​ အတွင်းရှိ ကလီစာများကိုပင် ပြန်မြင်​ နေခဲ့ရကြောင်း ပြောပြ​ သွားခဲ့သည်။ ကမ္ဘာပေါ်တွင် ရှိသော ဘက်တီးရီးယားပိုး အမြောက်အမြား​ အနက် ကုသရန် ခက်ခဲသော ရာခိုင်နှုန်း အနည်းငယ်တွင် ပါဝင်​သည့် ယင်းပိုးသည် ဆန်ဒီ၏ ဝမ်းဗိုက်သားများ​ သာမက ကလီစာများကိုပါ ဝါးမြို​ စားသောက်ခဲ့သည်။ MRSA မျိုးနွယ်ဝင် ဘက်တီးရီးယားများသည် ဆန်ဒီ၏ သရက်ရွက်၊ ဘေလုံး၊ အူအတက်​ တို့ကိုပါ ဖျက်ဆီးပစ်​ ခဲ့ကြသည်။ ယင်း​ ပိုးများသည် ကလေး​ မွေးပြီးစ၊ ခန္ဓာကိုယ် အစားထိုး​ ခွဲစိတ်မှု ခံယူပြီးစ အခြေအနေမျိုးနှင့် ခုခံအား အလွန်နည်းနေသော ကာလများတွင် ခန္ဓာကိုယ်​ ထဲသို့ ဝင်​ရောက်လာ​ တတ်သည်။ ဆန်ဒီအား ကုသပေးသည့် ဒေါက်တာ​ သောမတ်စကာလီယာက လူနာ၏ ခန္ဓာကိုယ်တွင်း လှိုက်စားနေသော ပိုးမွှားသည် အလွန်​ ကြောက်စရာ​ ကောင်းကြောင်း ဝန်ခ​ ံခဲ့သည်။

ဆန်ဒီသည် ၂၀၀၅ ခုနှစ်က ကလေးမွေးဖွားပြီးနောက် ကံအကြောင်းမလှစွာ အဆိုပါပိုး ကူးစက်မှုကို ခံခဲ့ရသည်။ သူမသည် လွန်ခဲ့သော ၄ နှစ်အတွင်း ကလေးငယ်အား ပွေ့ချီခွင့်၊ နို့တိုက်ခွင့်ပင် မရခဲ့ချေ။ ထိုအတော​ အတွင်း ဆေးရုံနှင့် ပြန်လည်​ ထူထောင်ရေး စင်တာများတွင်သာ အချိန်ကုန်နေရပြီး ရောဂါပိုးက ဝါးမျိုဖျက်ဆီးခဲ့သည့် ကိုယ်တွင်း​ ကလီစာများကို အကြိမ်ကြိမ် အစားထိုး ကုသမှု ခံယူ​ ခဲ့ရသည်။ ဆန်ဒီက သူမ​ အနေနှင့် အသက်ရှင်ခွင့် မရတော့ဟု ယူဆမိပြီး အလွန်​ စိတ်ဓာတ်​ ကျခဲ့သော်လည်း ဂျပန်​ ရိုးရာ စိတ်ကျင့်စဥ်​ တစ်ခုနှင့် အပ်စိုက်​ ကုထုံးများက သူမအား သက်သာရာ ရစေခဲ့ကြောင်း ဝန်ခံ​ ခဲ့သည်။ ကာလရှည်ကြာစွာ သုတေသန​ ပြုပြီးနောက် ပညာရှင်များသည် ဆန်ဒီ၏​ ကိုယ်အတွင်း ဝင်​ရောက်နေသည့် ရောဂါပိုးကို ဟန့်တားနိုင်မည့် ဆေးဝါးမျိုးကို တွေ့ရှိလ​ ာခဲ့သည်။

၂၀၀၆ ခုနှစ်တွင် ဆန်ဒီ၏ အူသည် စင်တီမီတာ အနည်းငယ်မျှသာ အရှည်ရှိတော့သည်အထိ အခြေအနေ ဆိုးနေခဲ့သလို သူမသည်လည်း အမြဲလိုလို ပိုက်များ၊ အောက်စီဂျင်​ စက်များနှင့်သာ ရှင်သန်နေတော့သည်။ သို့သော်လည်း ဆင်ဒီသည် ကူးစက်ခံရသူ (၂၀)​ ရာခိုင်နှုန်းကို သေစေပြီး ကျန်သူများကို ဆိုးဆိုးရွားရွား ခန္ဓာကိုယ် ချို့တဲ့​ ယိုယွင်း​ သွားစေသည့် ကပ်ဆိုးကြီးမှ ပြန်လည်​ ထူထောင်လာနိုင်ခဲ့သည်။ ဒေါက်တာ​ သောမတ်က ဆန်ဒီသည် အသက်ရှင်​ နေသမျှ ကာလပတ်လုံး ဆေးဝါးများကို အစဥ်တစိုက် မှီဝဲ​ နေရတော့မည်ဟု​ ဆိုသည်။ ဆရာဝန်များသည် ဆန်ဒီ၏ နှလုံးနှင့် အသည်းတို့ထိ ရောက်ရှိနေသည့် ပိုးမွှားများနှင့် အခြားသော ကလီစာ အစိတ်အပိုင်းများမှ နေရာ​ အတော်များများကို လှီးဖြတ်​ ဖယ်ရှားခဲ့ရသည်။ ဆန်ဒီ၏ ကျနး်မာရေး​ စရိတ်သည် ဒေါ်လာ ၅ သန်း​ ကျော်ထိ မြင့်တက်ခဲ့ပြီး သူမ၏ အသက်​ အာမခံဌာနနှင့် လူမှုရေး အဖွဲ့အစည်းများက ဝိုင်းဝန်း​ ကျခံခဲ့သည်။ ယခုအခါတွင်မူ ဆေးရုံမှ​ ဆင်းလာပြီး သားငယ်​ ခရစ်စတိုဖာနှင့် အချိန်ဖြုန်းနေသည့် ဆန်ဒီက သူမ၏ အိပ်မက်ဆိုးကြီးအား မေ့ပစ်ချင်ပြီဟု ပြောကြား​ ခဲ့သည်။

ဆန်ဒီက သားငယ်သည် အသား​ ပြန်တက်​ လာသော်လည်း ပုံပန်းမကျ​ ဖြစ်နေသေးသည့် သူမ၏ ဝမ်းဗိုက်ကို တအံ့တဩ ဖြစ်လေ့​ ရှိကြောင်း ပြောကြားခဲ့သည်။ သူမအနေနှင့် ပိုးမွှားများကြောင့် ဝမ်းဗိုက်တွင် အပေါက်ကြီး​ ဖြစ်နေစဥ်က ကလီစာများ​ အတွင်းမှ ထွက်လာသည့် ပုပ်အက်​ နံစော်သော အနံ့ကြီးကိုပင် တခါတရံ ပြန်လည်​ သတိရ ကြောက်လန့်​ နေမိကြောင်း ဆန်ဒီက ဖွင့်ဟ​ သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here