AIDS​ ​တိုက်​ဖျက်​ရေး​ ​တ​ရုတ်​အ​စိုး​ရ​ ​ဇောက်​ချ​​ ဆောင်​ရွက်​နေ​ဟု​ဆို

alt

တရုတ် အစိုးရသည် AIDS​ ရောဂါကို တိုက်ဖျက်ရေး အတွက် ဇောက်ချ ဆောင်ရွက် နေကြောင်း ပြောကြား လိုက်သည်။ နိုင်ငံ၏ နံပါတ် ၁ အန္တရာယ် အရှိဆုံး ကူးစက် ရောဂါ တစ်ခု ဖြစ်နေသည့်

AIDS ရောဂါကို ကုသ နိုင်မည့် ဆေးဝါးများကို သုတေသန ပြုနေကြောင်း တရုတ် ဒုတိယ သမ္မတ ဇီကျင်ပင်းက ကုလ သမဂ္ဂ လက်အောက်ခံ AIDS ရောဂါ တိုက်ဖျက်ရေး ဌာန၏ အကြီးအကဲ မိုက်ကယ်ဆီဒီဘီနှင့် တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဘေဂျင်း အခြေစိုက် အစိုးရသည် နိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှု အဆင့်အတန်းကို မြှင့်တင်ရန်လည်း ကြိုးပမ်း နေကြောင်း ဇီကဆိုသည်။ AIDS ရောဂါကို ဖြစ်ပွားစေသည့် HIV ပိုး ကူးစက်မှုသည် တရုတ် နိုင်ငံတွင် လျင်မြန်စွာ ပျံ့နှံ့လျက်ရှိရာ အစိုးရအနေနှင့် ယင်း အရှိန်အဟုန်ကို လျှော့ချရန် ကြိုးပမ်းလျက်ရှိသည်။ ရှန်ဟိုင်းရှိ ကျန်းမာရေး စောင့်ရှောက်မှု ဌာနပေါင်း အခု ၁၀၀ ကျော် တို့တွင် လိင်မှ တဆင့် AIDS ရောဂါ ကူးစက်မှုကို လျှော့ချ နိုင်ရန် ကွန်ဒုံးများ အခမဲ့ ဝေငှ ပေးလျက်ရှိသည်။

ဆီဒီဘီက တရုတ်ရှိ မြို့ပြများတွင် HIV ပိုး ကူးစက်မှု မြန်ဆန် နေခြင်းသည် တရုတ် နိုင်ငံသာမက ကမ္ဘာ့နိုင်ငံ အသီးသီး အတွက်ပါ ခြိမ်းခြောက်မှု ဖြစ်လာ နိုင်ကြောင်း မှတ်ချက် ပြုခဲ့သည်။ ၎င်းက ကမ္ဘာ့ မြို့ကြီးများတွင် ၂၀၁၅ ခုနှစ် အရောက် HIV​ ကူးစက်မှု ကင်းစင်ရေး ကြိုးပမ်း ဆောင်ရွက်မှုသို့ ရှန်ဟိုင်းပါ ပူးပေါင်း ပါဝင်ရန် တိုက်တွန်းခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here