တစ်နိုင်ငံလုံး ဝမ်းနည်း ကြေကွဲမှု အထိမ်းအမှတ်နေ့ တရုတ်ထုတ်ပြန်

alt

တရုတ်နိုင်ငံသည် တစ် နိုင်ငံလုံးနှင့် သက်ဆိုင်သော ဝမ်းနည်း ကြေကွဲမှု အထိမ်းအမှတ်နေ့ တစ်ခုကို နိုင်ငံ အနောက်ပိုင်းတွင် ရေကြီး မြေပြိုမှုများနှင့် ရင်ဆိုင် ရုန်းကန်နေရသော ပြည်သူများ အတွက် ရည်စူးပြီး ထုတ်ပြန် လိုက်သည်။

ဩဂုတ်လ ၁၅ ရက်နေ့တွင် နိုင်ငံ တဝှမ်းရှိ အမျိုးသား အလံများကို တိုင်တစ်ဝက် လွှင့်ထူကာ ဝမ်းနည်းမှုကို ဖော်ပြရန် တရုတ် အစိုးရက ကြေညာခဲ့သည်။ မိုးလေဝသ ပညာရှင်များက မိုးသည်းထန်စွာ ရွာသွန်းမှုသည် ဩဂုတ်လ ၁၅ ရက်နေ့တွင်လည်း ဆက်လက် ဖြစ်ပွား နေမည်ဟု ဆိုသည်။

ဂန်ဆုနှင့် ဆီချွမ်တို့တွင် ရေကြီးပြီး မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ရာ အနည်းဆုံး ၁၁၅၀ ဦး သေဆုံးပြီး အများအပြား ပျောက်ဆုံး နေဆဲ ဖြစ်သည်။ ဂန်ဆုရှိ ဇူကူတွင် မြေပြိုမှုများ ဖြစ်ပေါ် နေဆဲဟု ကယ်ဆယ်ရေးများက ပြောကြားခဲ့ပြီး သည်းသည်း ထန်ထန် ရွာသွန်း နေသောမိုးက ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် များစွာ အဟန့်အတား ဖြစ်စေခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

တရုတ်တွင် မိုးသည်းထန်ပြီး ရေကြီးမှုများ ဖြစ်ပေါ်နေခြင်းကို လူပေါင်း ၃၀၅ သန်းကျော် ခံစားနေရပြီး ပျက်စီးမှု တန်ဖိုး ဒေါ်လာ ၁.၇ ဘီလျံကျော်သွားပြီဟု သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here