​အ​လွန်း​ဝေး​ကွာ​သည့်​ ​အာ​ကာ​သ​​ အ​တွင်း​ ​ကြယ်​စု​​ ပေါက်​ကွဲ​မှု​ ​ပ​ညာ​ရှင်​များ​ ​ခြေ​ရာ​ခံ​နိုင်​ခဲ့

alt

နက္ခတ်ဗေဒ ပညာရှင်များသည် အလွန်ဝေးကွာသော အာကာသ၏ နေရာ​ တစ်ခု​ အတွင်း ကြယ်စု​ ပေါက်ကွဲမှု တစ်ခုအား ပထမဆုံး ခြေရာခံ​ နိုင်ခဲ့ကြောင်း သိရသည်။

ပညာရှင်များ​ အနေနှင့် ပေါက်ကွဲမှုမှ ထွက်ပေါ်လာသည့် ဂါမာ​ ရောင်ခြည်များ​ အား ဖမ်းယူ​ နိုင်ခဲ့ပြီး ယင်း​ အတွေ့အကြံုသစ်ကြောင့် စိတ်​ လှုပ်ရှား ပျော်ရွှင်နေကြောင်း NASA​ က ကြေညာခဲ့သည်။ NASA​ မှ သုတေသီ တစ်ဦး​ ဖြစ်သည့် လာဂီအာရီယာက ပေါက်ကွဲမှု ဖြစ်ပွားပြီး ၁၅ ရက်အကြာတွင်မှ အဆိုပါ ဂါမာ​ ရောင်စဥ်တန်းများအား NASA​ ၏ နက္ခတာရာကြည့် မှန်ပြောင်းများဖြင့် ဖမ်းယူ​ နိုင်ခဲ့ကြောင်း လာဂီက ပြောကြားခဲ့သည်။

လူသားများ၏ တိုင်းတာမှုဖြင့် တွက်ချက်ပါက ယင်းပေါက်ကွဲမှုသည် နေက တစ်နှစ်စာ ထုတ်ပေးနေသည့် စွမ်းအင်ပမာဏ၏ အဆ ၁၀၀၀ မျှထိ ပြင်းထန်နိုင်ကြောင်း NASA​ ၏ အာကာသ စူးစမ်းရေး ပျံသန်းမှုဌာနမှ အဲလိဇဘက်ဟေးက ရှင်းပြခဲ့သည်။ ယင်းပေါက်ကွဲမှုသည် ကမ္ဘာမှ အလင်းနှစ် ၉၀၀၀ ကွာဝေးသော နေရာတွင် ဖြစ်ပေါ်ခဲ့ပြီး ဂါမာရောင်ခြည်များကို အရှိန်အဟုန်ပြင်းပြင်း ထုတ်ပေးလိုက်ခြင်းဖြစ်ကြောင်း အဲလိဇဘက်ကဆိုသည်။

ပညာရှင်များက ယင်းသို့သော ပေါက်ကွဲမှုကြီးများသည် နှစ်ပေါင်း တစ်သိန်းကျော်မျှထိ ရောင်စဥ်တန်းနှင့် စွမ်းအင်အကြွင်းအကျန်များကို စကြာဝဠာအတွင်း ထုတ်လွှင့်​ ပေးနေ​ တတ်ကြောင်းလည်း ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here