​အင်​ဒို​နီး​ရှား​တွင်​ ​ရှား​ပါး​ကျား​တစ်​ကောင်​ ​တိုက်​ခိုက်​မှု​ကြောင့်​ ​ဆယ်​ကျော်​သက်​ တစ်ဦး​ သေ​ဆုံး

alt

အင်ဒိုနီးရှားနိုင်ငံမှ ရှားပါး​ စာရင်းဝင်​ ကျား​ တစ်ကောင် တိုက်ခိုက်မှုကြောင့် ဆယ်ကျော်သက်​ တစ်ဦး သေဆုံး​ သွားကြောင်း သိရသည်။ အင်ဒို​ အနောက်ပိုင်း ရင်ဘိုမင်လင်တန်ရွာတွင်

ရော်ဘာ​ သစ်ခေါက်များ ခွာယူ​ နေသည့် အာမက်​ ရာဖီသည် ဆူမားတြား​ ကျား​ တစ်ကောင် ကိုက်ခဲမှုကြောင့် သေဆုံး​ သွားခြင်း​ ဖြစ်သည်။ ၎င်းသည် တောထဲတို့ မိဘများနှင့်​ အတူ ရောက်ရှိနေခြင်း​ ဖြစ်သည်။ ဒေသခံ အုပ်ချုပ်ရေး​ အဖွဲ့မှ ဟူတိုမိုက တောနင်း​ ရှာဖွေမှုများ ပြုလုပ်​ ပြီးနောက် ကျားဆွဲခံရသည့် အသက် ၁၇ နှစ်အရွယ် လူငယ်၏ အလောင်းကို ပြန်လည်​ တွေ့ရှိခဲ့ကြောင်း ပြောကြား​ သွားသည်။ ကျားမှာမူ ရွာသားများက ဝိုင်းဝန်း​ ခြောက်လှန့်မှုကြောင့် ထွက်ပြေး​ သွားကြောင်း သိရသည်။ အင်ဒိုတွင် ကမ္ဘာပေါ်မှ ပျောက်ကွယ်​ လုနီးနီး ဖြစ်နေသည့် ဆူမားတြားကျား ၂၅၀ ဝန်းကျင် နေထိုင်လျက်ရှိသည်။ နိုင်ငံအတွင်း သစ်တောများ တစထက်တစ လျော့နည်း​ လာခြင်းသည် ကျားများ၏ ရှင်သန်နေထိုင်မှုကို ခြိမ်းခြောက်လျက် ရှိနေသည်။

သစ်တောများ ရှားပါးလာခြင်းနှင့်အတူ ကျားများသည် သားကောင်ရှာရန် ခက်ခဲလာခြင်းကြောင့် ကျေးရွာများအနီးထိ လာရောက်ကျက်စားမှုများ ရှိလာခြင်းဖြစ်သည်။ ဆူမားတြား ကျားများသည် ၎င်းတို့၏ အရိုးနှင့် အရေတို့ကြောင့် ဖမ်းဆီးသတ်ဖြတ်မှုများ ကြံုနေရပြီး မျိုးသုဥ်းလုနီးနီး ဖြစ်နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here