​ဆီး​ချို​ရော​ဂါ​ရှင်​ ​အ​မေ​ရိ​ကန်​ ​သက်​ကြီး​ ရွယ်​အို​များ​ ​အ​မြင်​အာ​ရုံ​ အား​နည်း

alt

အမေရိကန်ရှိ ဆီးချိုရောဂါရှင် သက်ကြီးရွယ်အို အတော်များများသည် အမြင်အာရုံ အားနည်းမှုများ ရှိနေကြောင်း ဆရာဝန်များက ပြောကြားခဲ့သည်။

အသက် ၄၀ အထက် ဆီးချိုရောဂါ ဝေဒနာရှင် ၄ ဦးတိုင်းတွင် ၁ ဦးသည် အမြင်အာရုံ အားနည်းနေပြီး ယင်းတို့ အနက် ၄ ရာခိုင်နှုန်းမျှသည် ဆေးဝါး ကုသမှုပင် ခံယူ နေရကြောင်း အမေရိကန် ဆေးပညာ အဖွဲ့က ကြေညာ သွားသည်။ အမေရိကန်တွင် မျက်စိ လုံးဝ ကွယ်သွားသည့် အကြောင်းခြင်းရာများ အနက် ဆီးချို ရောဂါသည်လည်း အဓိက ကျသည့် အကြောင်းတစ်ချက်မှ ပါဝင် နေသည်။ အမေရိကန် ရောဂါ ကာကွယ်ရေးနှင့် တားဆီးရေး ဌာနက ပြုလုပ်သော စစ်တမ်းတွင် အမေရိကန်၏ အသက် ၄၀ အထက် အရွယ်များတွင် ဆီးချို ရောဂါ ဖြစ်ပွားမှုသည်လည်း တစထက်တစ မြင့်တက် လာနေကြောင်း ဖော်ပြပါရှိသည်။

သုတေသီများသည် ဆီးချိုရောဂါသည် သက်ကြီးပိုင်း ၁၀၀၆ ဦး၏ အမြင်အာရုံ စစ်ဆေးမှုများကို ပြုလုပ်ခဲ့ရာ ၂၅ ရာခိုင်နှုန်းမျှသည် အမြင်ပိုင်း ချွတ်ယွင်းချက်များ ရှိနေကြောင်း တွေ့ရှိ ခဲ့ခြင်း​ ဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here