​အီ​ကွေ​ဒေါ​နိုင်ငံ​တွင်​ ​အင်​အား​ပြင်းင​လျင်​ ​လှုပ်​ခတ်

alt

ဩဂုတ်လ ၁၂ ရက်နေ့က တောင်အမေရိကတိုက်ရှိ အီကွေဒေါ​ နိုင်ငံတွင် ပြင်းအား​ အဆင့် ရ.၁ ရှိသည့် အင်အားပြင်း ငလျင်​ တစ်ခု လှုပ်ခတ်သွားကြောင်း သိရသည်။

ယင်းငလျင် လှုပ်ခတ်မှုကို မြို့တော်​ ကွီတို အပါအဝင် နိုင်ငံ၏ ဒေသ​ အတော်​ များများက ခံစား​ သိရှိခဲ့ရသည်။ အမေရိကန် ဘူမိဗေဒဌာနက ငလျင်သည် ကွီတိုမှ အရှေ့တောင်ဖက် မိုင် ၁၁၀ အကွာသို့ ဗဟိုပြု လှုပ်ခတ်ပြီး အလွန်​ နက်ရှိုင်းသည့် ၁၃၁ မိုင်​ အနက်မှ​ ဖြစ်ကြောင်း ကြေညာခဲ့သည်။ ငလျင်ကြောင့် သေဆုံးမှု သတင်းများ မရရှိ​ ခဲ့ကြောင်း အာဏာပိုင်များက​ ဆိုသည်။ အီကွေဒေါ ငလျင်​ တိုင်းတာရေး ဌာနက နိုင်ငံ​ အတွင်း အချို့​ ဒေသများတွင် ၁၀ မိနစ်မျှထိ လှုပ်ရှားမှုများ ရှိနေ​ ခဲ့ကြောင်း ကြေညာခဲ့သည်။

ငလျင်ကြောင့် ဂွါနာကွယ်နှင့် မန်တာမြို့များတွင် အိမ်အချို့ ပျက်စီးခဲ့ပြီး လူတစ်ဦး ဒဏ်ရာအနည်းငယ် ရရှိခဲ့ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here