အာ​တိတ်​သ​မု​ဒ္ဒ​ရာ​အ​တွင်း​ ​မြော​ပါ​လာ​သည့်​ ​ရေ​ခဲကျွန်း​ ​သ​င်္ဘော​များ​​ အ​တွက်​ ​အ​န္တ​ရာယ်​ရှိ​နေ

alt

အာတိတ် သမုဒ္ဒရာ အတွင်း မြောပါလာသည့် ရေခဲ ကျွန်းကြီးသည် ပင်လယ် သမုဒ္ဒရာ အတွင်း ခုတ်မောင်း သွားလာ နေသည့် သင်္ဘောများအား Titanic​ ကဲ့သို့ ကြမ္မာမျိုးနှင့် တိုးသွား စေနိုင်ကြောင်း ပညာရှင်များက သတိပေးထားသည်။

မကြာသေးမီကမှ အိုက်စလန်ရှိ ရေခဲပြင်မှ ပဲ့ထွက်လာသည့် ရေခဲပြင်ကြီးသည် နယူးယောက်မြို့ရှိ မက်ဟမ်တန် ထက်ပင် ၄ ဆမျှ ပိုပြီးပြီး အင်ပါယာ စတိတ် အဆောက်အအုံ အမြင့်၏ ထက်ဝက်စာမျှ ထုရှိသည်။ သမုဒ္ဒရာ အတွင်း မျောပါက တောင်ပိုင်း​ ဒေသများသို့ ရောက်ရှိလာနိုင်သည့် ရေခဲတုံးကြီးကြောင့် ၁၉၁၂ ခုနှစ်က ဖြစ်ပွားခဲ့သည့် Titanic ဖြစ်ရပ်​ ဆိုးကဲ့သို့ ရေကြောင်း​ မတော်တဆ ကိစ္စကြီးများ ဖြစ်လာနိုင်သည်ကို သုတေသီများ စိုးရိမ်နေသည်။ ထို့အပြင် အာတိတ်နှင့် အလှမ်းမဝေးလှသည့် ရုရှားတွင် တောမီးများ လောင်ကျွမ်းပြီး အပူချိန် မြင့်တက်​ လာခြင်းကြောင့် အာတိတ်ရှိ နောက်ထပ်​ ရေခဲပြင်များ အရည်ပျော် ပဲ့ထွက်လာမည့် အခြေအနေမျိုးလည်း ရှိနေကြောင်း နော်ဝေးနိုင်ငံ အော်စလိုတက္ကသိုလ်မှ ဘူမိဗေဒ ပညာရှင် ဂျွန်အိုဗီမက်သီဟီဂန်က ပြောကြားခဲ့သည်။

ပညာရှင်များက အိုက်စလန် ရေခဲပြင်တွင် နောက်ထပ်ရေခဲတုံးကြီးများ ပဲ့ထွက်မည့် အခြေအနေကို တွေ့မြင်ရကြောင်း ပြောကြားခဲ့ပြီး ယင်းတို့အားလုံး အရည်ပျော်သွားပါက ကမ္ဘာ့ပင်လယ်ရေမျက်နှာပြင်အမြင့်သည် ၆ မီတာမျှထိ မြင့်တက်လာနိုင်သည်ဟု သတိပေးထားကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here