A/H1N1​ ​တုပ်​ကွေး​ ​နိ​ဂုံး​ချုပ်​ပြီ​ဟု​ ​က​မ္ဘာ့​ကျန်း​မာ​ရေး​​ အဖွဲ့​​ ကြေ​ညာ

alt

ကမ္ဘာ့​ ကျန်းမာရေး​ အဖွဲ့ကြီး WHO​ က ယမန်​ နှစ်​ အတွင်း တစ်​ ကမ္ဘာလုံးကို ကြီးကြီးမားမား ခြိမ်းခြောက်ခဲ့သည့် A/H1N1​ တုပ်ကွေး ရောဂါကြီး နိဂုံးချုပ်​ သွားပြီဟု အတည်ပြု ကြေညာ​ ခဲ့သည်။

သို့သော်လည်း WHO​ ၏ ဩဂုတ်လ ၁၀ ရက်နေ့ ကြေညာချက်တွင် တုပ်ကွေး​ ရောဂါ ဖြစ်စေသည့် ဗိုင်းရပ်စ်မှာမူ ခြိမ်းခြောက်မှုအဖြစ် ဆက်လက်​ ရှိနေဆဲဟု ဖော်ပြထားသည်။ WHO အကြီးအကဲ ဒေါက်တာမာဂရက်ချန်က ၁၅ လကြာမျှ ပျံ့နှံ့​ ကူးစက်​ ခဲ့ပြီးနောက် A/H1N1​ ၏ အရှိန်​ အဟုန်သည် ကျဆင်း​ သွားပြီဟု ပြောကြားခဲ့သည်။ ယင်း​ ဗိုင်းရပ်စ်အား ၂၀၀၄ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့က အမေရိကန်နှင့် မက္ကစီကိုတို့တွင် စတင်တွေ့ရှိခဲ့သည်။ အလွန်​ လျင်မြန်စွာ ပျံ့နှံ့​ နိုင်သည့် ဗိုင်းရပ်စ်သည် နိုင်ငံပေါင်း ၂၁၄ ခုသို့ ရောက်ရှိခဲ့ပြီး အနည်းဆုံး လူပေါင်း ၁၈၄၄၉ ဦး သေဆုံးခဲ့သည်။

ဒေါက်တာမာဂရက်က ကူးစက်မှု မှေးမှိန်သွားပြီဖြစ်သော်လည်း A/H1N1 ဗိုင်းရပ်စ်ကို ကမ္ဘာပေါ်မှ အပြီးတိုင် မဖယ်ရှားနိုင်သေးကြောင်း ဝန်ခံခဲ့သည်။ ယင်းဗိုင်းရပ်စ်သည် စတင်တွေ့ရှိပြီး ၃ ရက်အတွင်း ကူးစက်သူ အရေအတွက် နှစ်ဆကျော် တိုးသွားခဲ့ပြီး ၂၀၀၉ နိုဝင်​ဘာလဆန်းတွင် WHOက ကမ္ဘာ့ကူးစက် ကပ်ရောဂါအဆင့်အဖြစ် ကြေညာခဲ့ရခြင်းဖြစ်သည်။ WHOက သေဆုံးသူ အရေအတွက် အလွန်လျော့နည်းသွားပြီ ဖြစ်သော်လည်း A/H1N1​ ကူးစက်မှုများ ဆက်လက်​ တည်ရှိနေနိုင်ကြောင်း ပြောကြားခဲ့ပြီး ကမ္ဘာ့ကပ်ရောဂါ အဆင့်တွင် ရှိမနေတော့ဟု ကြေညာခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here