​၂၀၁၀​​ ခု​နှစ်​​ အ​တွင်း​ ​မည့်​သ​ည့်​​ ပြိုင်​ပွဲ​မျှ​ ​ဝင်​ရောက်​​ ယှဥ်​ပြိုင်​မည်​​ မ​ဟုတ်​ကြောင်း​ ​အူ​စိန်​ဘော့​​ ကြေ​ညာ

alt

ကမ္ဘာကျော် အပြေးချန်ပီယံ အူစိန်ဘော့​ အနေနှင့် ၂၀၁ဝ ခုနှစ်​ အတွင်း မည်သည့်​ ပြိုင်ပွဲကိုမျှ ဝင်​ရောက်​ ယှဥ်ပြိုင်​ တော့မည် မဟုတ်ကြောင်း အတည်ပြု ကြေညာ​ လိုက်သည်။

ကမ္ဘာ့အမြန်ဆုံးလူသား ဘွဲ့ထူးကို ပိုင်ဆိုင်ထားသည့် ဘော့အနေနှင့် ကျောဒဏ်ရာ အနည်းငယ် ရရှိနေခြင်းကြောင့် ယခုလို ဆုံးဖြတ်​ လိုက်ခြင်းဟု မန်နေဂျာ ရစ်ကီဆင်းက ပြောကြားခဲ့သည်။ ယခင်က ဘော့သည် ဩဂုတ် ၁၉ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့နှင့် ဩဂုတ် ၂၇ ရက်နေ့တွင် ဘရပ်ဆဲမြို့များ​ အတွင်း ကျင်းပမည့် IAAF Diamond League အပြေးပြိုင်ပွဲတွင် ပါဝင်​ မည်ဟု သတင်းထွက်​ ခဲ့သေးသည်။ ဘော့က အရေးပါသော ပြိုင်ပွဲ​ နှစ်ခုမှ လွဲချော်ခဲ့သည့်​ အတွက် စိတ်ပျက်မိကြောင်း ဝန်ခံခဲ့သည်။ သို့သော်လည်း မီတာ ၁၀၀ နှင့် ၂၀၀ ပြိုင်ပွဲများတွင် ကမ္ဘာ့​ စံချိန်တင်ထားသည့် အပြေးသမားက ၂၀၁၁ နှင့် ၂၀၁၂ ခုနှစ်များတွင် အကြီးအကျယ် အောင်မြင်မှုများ ရရှိမည်ဟု ယုံကြည်လျက်ရှိသည်။

ဘော့သည် ကျောတွင် ကြွက်သားတင်းမာမှုများ ခံစားနေရသလို တံခေါက်ကြောတွင်လည်း ဒဏ်ရာအနည်းငယ် ရှိနေသည်။ ၎င်းသည် ကြံ့ခိုင်မှုအတွက် လေ့ကျင့်ခန်းများမူ ပုံမှန်ပြုလုပ်နေဆဲဖြစ်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here