အာ​ဖ​ဂန်​တာ​လီ​ဘန်​များ​ ​ကိုယ်ဝန်​ဆောင်​အ​မျိုး​သ​မီး​ကို​ ​လူ​မြင်​ကွင်း​တွင်​ ပစ်​သတ်

alt

အာဖဂန်နစ္စတန်ရှိ တာလီဘန် အကြမ်းဖက်​ သမားများသည် ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးကို လူအများ​ ရှေ့တွင်ပင် ရက်ရက်​ စက်စက် သတ်ဖြတ်​ ပြလိုက်ကြောင်း သိရသည်။

အသက် ၃၅ နှစ်​ အရွယ်ရှိပြီ​ ဖြစ်သည့် ဘီဘီဆွန်ဘာ​ အမည်ရှိ မုဆိုးမ တစ်ဦးသည် ဖောက်ပြန်မှုများ ရှိနေကြောင်း စွပ်စွဲ​ ခံရပြီးနောက် တာလီဘန် စစ်သွေးကြွ နှစ်ဦးက ခေါင်းကို သေနတ်ဖြင့် သုံးချက်​ တေ့ပစ်ကာ အဆုံး​ စီရင်လိုက်ကြောင်း မျက်မြင်များက ပြောကြားလိုက်သည်။

တာလီဘန် ခုံရုံးက အမျိုးသမီးသည် ခင်ပွန်းသည် ကွယ်လွန်ချိန်တွင် အခြားယောက်ျား တစ်ဦးနှင့် ချစ်ကြိုက်ရာမှ ကိုယ်ဝန်​ ရှိလာကြောင်း ဖော်ထုတ်​ နိုင်ပြီးနောက် ယခုလို စီရင်​ လိုက်ခြင်းဟု သတင်းများက ဖော်ပြခဲ့သည်။ အာဖဂန် ရဲများက အမျိုးသမီးအား သေနတ်နှင့် ပစ်သတ်ရန် စီရင်ချက် ချခဲ့သူသည် ဒေသခံ စစ်သွေးကြွ​ ခေါင်းဆောင် မိုဟာမက်​ ယူဆွတ်ဖြစ်ကြောင်း စွပ်စွဲခဲ့သော်လည်း မိုဟာမက်က ငြင်းဆိုထားသည်။ အမျိုးသမီးနှင့် လွန်ကြူးခဲ့သည်ဆိုသော အမည်မဖော်သည့် အာဖဂန် အမျိုးသားမှာမူ အပြစ်ပေးခြင်း မခံခဲ့ရပေ။

NATO တပ်ဖွဲ့ကမူ မိမိတို့အနေနှင့် အာဖဂန်ကို စွန့်ခွာချိန်တွင် တာလီဘန်တို့ ဆက်လက်​ အင်အားကြီးနေပါက လူမဆန်လှသည့် အလားတူ တရားစီရင်မှုမျိုး အမြောက်အမြား မြင်တွေ့ရလိမ့်မည်ဟု သတိပေး ပြောကြားထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here