က​မ္ဘာ့​ဖ​လား​​ ပေါင်း​ခံ​ ချွေး​ထုတ်​ ​ပြိုင်​ပွဲ​ဝင်​သူ​ ​အ​ပူ​​ လောင်​ကျွမ်း​ သေ​ဆုံး

alt

ကမ္ဘာ့ဖလား ပေါင်းခံချွေးထုတ် ပြိုင်ပွဲကို ဝင်​ရောက် ယှဥ်ပြိုင်သူ တစ်ဦး အပူ လောင်ကျွမ်းကာ သေဆုံး သွားကြောင်း သိရသည်။ ရုရှား နိုင်ငံမှ ဗလာဒီမာ လာဒစ်ဆန်စကီးသည် ဩဂုတ်လ ရ ရက်နေ့က

ဖင်လန်တွင် ကျင်းပသည့် ပြိုင်ပွဲ၏ ဗိုလ်လုပွဲ အဆင့်တွင် သေဆုံး သွားခြင်း ဖြစ်သည်။ ယင်းသည် အပူချိန် ၁၁၀ ဒီဂရီ စင်တီဂရိတ် ရှိသော အခန်းထဲတွင် နေကာ ပွက်ပွက်ဆူနေသော မီး​ခဲများ​ ထည့်ထားသည့် မီးဖိုပေါ် ထိုင်ရင်း ယှဥ်ပြိုင် ရခြင်း ဖြစ်သည်။

နောက်ဆုံး ဗိုလ်လုပွဲ အဖြစ် ဗလာဒီမာနှင့် ဖင်လန်သား တီမိုကာကိုနန်တို့ အကြိတ်အနယ် ယှဥ်ပြိုင်ကြရင်း ဗလာဒီမာ သေဆုံး သွားခြင်း ဖြစ်သည်။ ၎င်းထိုင်နေသည့် မီးဖိုပေါ်မှ လဲပြို သွားပြီးနောက် ဆေးဝန်ထမ်းများသည် ဗလာဒီမာအား အခန်းထဲမှ ဆွဲထုတ်ကာ ရှေးဦး သူနာပြုနည်းဖြင့် ပြုစုကြသည်။ လူပေါင်း ၁၀၀၀ ကျော် လာရောက် အားပေးသည့် ဖင်လန် တောင်ပိုင်းမြိုလေး ဟန်နိုလာရှိ ဗိုလ်လုပွဲတွင် ပြိုင်ပွဲဝင်​ နှစ်ဦးလုံးမှာ အပူလောင် ဒဏ်ရာများမှ ကျဆင်းနေသည့် သွေးများဖြင့် အလူးအလဲ ခံစား နေရဆဲ ဖြစ်သည်။ နှစ်စဥ် ကျင်းပမြဲဖြစ်သည့် အဆိုပါ ပြိုင်ပွဲသည် ၁၉၉၉ မှ စတင်ခဲ့ပြီး ယခုနှစ်တွင် ၁၅ နိုင်ငံမှ ပြိုင်ပွဲဝင်​ ၁၃၀ ပါဝင်​ ယှဥ်ပြိုင်ခဲ့သည်။ ပြိုင်ပွဲစည်းမျဥ်းအရ ပြိုင်ပွဲဝင်​များ ထိုင်နေသည့် မီးဖိုပေါ်ရှိ ရေထဲသို့ စက္ကန့် ၃၀ တိုင်း ရေလီတာဝက် ထည့်ပေးသည်။ ယခုပြိုင်ပွဲတွင် ဗလာဒီမာနှင့် ဗိုလ်လုခဲ့သူ တီမိုမှာ ချန်ပီယံဘွဲ့ ကာကွယ်သူလည်း ဖြစ်သည်။

လူဦးရေ ၅ သန်းရှိသော ဖင်လန်နိုင်ငံတွင် ချွေးထုတ်ပေါင်းခံခန်း ၁.၆ သန်းကျော် ရှိနေပြီး ဖင်လန်နိုင်ငံတွင် လူတိုင်းလိုလို ချွေးထုတ်ပေါင်းခံလေ့ ရှိကြသည်။ ပြိုင်ပွဲစီစဥ်သူ အော်ဆီအာဗယ်လာက ဖင်လန်နိုင်ငံပြင်ပမှ လူထုအတွက် ယခုပြိုင်ပွဲသည် ထူးဆန်းမည် ဖြစ်သော်လည်း ဖင်လန်တွင်မူ လူကြိုက်များကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း ပြိုင်ပွဲတာဝန်ခံများသည် လူ့အသက် သေဆုံးသည်အထိ ဖြစ်လာပြီးနောက် ပြိုင်ပွဲနှင့် ပတ်သက်ပြီး ပြန်လည်စဥ်းစားသုံးသပ်နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here