အ​ကြီး​မား​ဆုံး​ ​ရေငုပ်​သ​င်္ဘော​ဖျက်​စီး​ရေး​ ​စစ်​ရေး​လေ့​ကျင့်​မှု​ ​တောင်​ကို​ရီး​ယာ​ပြု​လုပ်

alt

မြောက် ကိုရီးယား၏ နျူကလီးယား ခြိမ်းခြောက်မှုများ ရှိနေလင့်ကစား နိုင်ငံ သမိုင်းတွင် အကြီးမားဆုံး ရေငုပ် သင်္ဘော ဖျက်ဆီးရေး ရေတပ် စစ်ရေး လေ့ကျင့်မှုကြီးကို တောင်ကိုရီးယားက ဩဂုတ်လ ၅ ရက်နေ့တွင် စတင်ပြုလုပ်ခဲ့သည်။

တောင်ကိုရီးယား ရေတပ် သင်္ဘောများသည် နှစ်နိုင်ငံ နယ်နိမိတ် ရေပြင်အနီး ပြင်းပြင်းထန်ထန် လေ့ကျင့်မှုများ ပြုလုပ် နေခြင်းနှင့်တူ ကိုရီးယား နှစ်နိုင်ငံကြား တင်းမာမှုများ ပိုမို မြင့်တက်လာခဲ့သည်။ ယခု စစ်ရေး လေ့ကျင့်မှုတွင် ရေတပ်နှင့် လေတပ်တို့က ပူးပေါင်း ပါဝင်ပြီး စစ် သင်္ဘော အစင်း ၂၀ နှင့် တိုက်လေယာဥ် ၅၀ တို့ဖြင့် လေ့ကျင့် နေခြင်း ဖြစ်သည်။ ပြံုယမ်း အခြေစိုက် မြောက်ကိုရီးယား အစိုးရကမူ တောင်ကိုရီးယား၏ စစ်ရေး လေ့ကျင့်မှုကို ပြင်းပြင်းထန်ထန် ဝေဖန်ထားပြီး ထိုအပြုအမူမှာ ရန်စခြင်းဟု ယူဆကြောင်း၊ မိမိတို့ အနေနှင့် လိုအပ်သလို တုန့်ပြန်မှုများ ပြုလုပ် လာနိုင်ကြောင်း ခြိမ်းခြောက်ထားသည်။

တောင်ကိုရီးယား ရေတပ်သည် မတ်လ ၂၆ ရက်နေ့က ကိုရီးယား ရေလက်ကြား အနီး မြောက်ကိုရီးယား ရေငုပ်သင်္ဘော တစ်စင်းမှ ပစ်လွှတ်လိုက်သည်ဟု ယူဆရသော တော်ပီဒို ထိမှန်နစ်မြုပ်ခဲ့သည့် Cheonan သင်္ဘောကိစ္စ ဖြစ်ပွား ပြီးနောက်ပိုင်း စစ်ရေးလေ့ကျင့်မှုများ ပိုမိုတိုးမြှင့် လုပ်ဆောင်လာခဲ့သည်။ အဆိုပါ သင်္ဘောနစ်မြုပ်မှု အတွင်း တောင်ကိုရီးယား ရေတပ်သား ၄၆ ဦး သေဆုံးခဲ့သည်။ မြောက်ကိုရီးယားကမူ အဆိုကိစ္စသည် ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း စွပ်စွဲချက်များကို ငြင်းဆန်ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here