PSP​ ​အိတ်​ဆောင်​ ဂိမ်း​စက်​များ​ကို​ ​မို​ဘိုင်း​ဖုန်း​ အ​ဖြစ်​ ​ထုတ်​လုပ်​ တော့​မည်

alt

လူကြိုက်များသည့် နာမည်ကျော် အိတ်ဆောင် ဂိမ်းစက် PSP​ လေးများကို မိုဘိုင်းဖုန်း အနေနှင့် ထုတ်လုပ် တော့မည်ဟု သိရသည်။ Google​ ကုမ္ပဏီ ၏ Android 3.0 Operating Systme​ ကို အသုံးပြုကာ

ကမ္ဘာကျော် မိုဘိုင်းဖုန်း ကုမ္ပဏီကြီး Sony​ က ယင်း ဖုန်း အမျိုးအစားသစ်အား တီထွင် နေခြင်း ဖြစ်သည်။

အောက်တိုဘာလတွင် စတင် ရောင်းချဖွယ် ရှိကြောင်း သတင်းထွက်နေသည့် ဖုန်း အသစ်နှင့် ပတ်သက်ပြီး Sony က တစုံတရာ ပြောဆိုခြင်း မရှိသေးချေ။ ဂိမ်းလောကတွင် ပရိသတ် အခိုင်အမာ ရရှိထားသည့် Play Station ဂိမ်းစက်များကို ထုတ်လုပ်သည့် Sony​ ၏ ဖုန်းသည် နှစ်ထပ်ဖုန်း ပုံစံဖြင့် တီထွင်ထားပြီး ဂိမ်းကစားမည့် Keypad ပါရှိသည်။ ဖျော်ဖြေရေး အတွက် အဓိက ရည်ရွယ်ထားသည့် ဖုန်းတွင် 1GHz micro processor တပ်ဆင်ထားပြီး ၄.၁ လက်မအရွယ်နှင့် ၃.၇ လက်မအရွယ်ကြား ရှိနိုင်သည်ဟု ခန့်မှန်းရသည့် Screen​ သည် WVGA​ အဆင့် Resolution​ မျိုး ပါရှိကြောင်း သိရသည်။ ထို့ကြောင့်လည်း Sony၏ အအောင်မြင်ဆုံးဖြစ်သော God of Warကဲ့သို့ ဂိမ်းမျိုးကို ဆော့ကစားနိုင်မည်ဖြစ်သည်။

Sony​ ၏ လက်တွဲဖော် မိုဘိုင်းဖုန်း ကုမ္ပဏီ Ericsson​ နှင့် ပူးပေါင်းထုတ်လုပ်သည့် ယင်းဖုန်းသည် ဈေးကွက်တွင် အကြီးအကျယ် အောင်မြင်နေသည့် Apple​ ၏ IPhone​ အား ယှဥ်ပြိုင်သွားနိုင်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ ယင်းဖုန်း ဈေးကွက်အတွင်း ရောင်းချချိန်တွင် နာမည်ကျော် PSP​ နှင့် Android တို့၏ ပေါင်းစပ်မှု ပုံစံသစ်တစ်မျိုး ဖြစ်လာနိုင်ကြောင်း လေ့လာသူများက ခန့်မှန်းထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here