လူ​တစ်ဦး​၏​ အ​ဆုတ်​အ​တွင်း​ ​ပဲ​ပင်​တစ်​ပင်​ ​ရောက်​ရှိ​နေ​

alt

အသက် ရ၅ နှစ်အရွယ် လူတစ်ဦး၏ အဆုတ်အတွင်း ကင်ဆာကြိတ်တစ်ခု ရှိနေကြောင်း ဆရာဝန်များက သံသယ ဖြစ်နေခဲ့ရာ နောက်ပိုင်းတွင် ထိုအရာသည် အကြိတ်မဟုတ်ဘဲ ပဲပင်တစ်ပင် ဖြစ်နေသည်ကို ထူးဆန်း အံ့ဩဖွယ်ရာ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။

မိမိ၏ သွေးဖိအား အလွန်ကျဆင်းပြီး သွေးအတွင်း အောက်စီဂျင် ပါဝင်မှုလည်း ဆိုးဆိုးရွားရွား ကျဆင်း ခဲ့ကြောင်း အသက် ရ၅ နှစ်ရှိ ရွန်ဆဗန်ဒါက ပြောကြားခဲ့သည်။ အမေရိကန်​ နိုင်ငံ မက်ဆာ​ ချူးဆက်တွင် နေထိုင်သည့်​ ရွန်သည် ဓာတ်မှန်ရိုက် စစ်ဆေးမှုများ​ အရ အဆုတ်မှ ထွက်လာသည့် လေပြွန်တွင် ပိတ်ဆို့မှုများ ဖြစ်နေကြောင်း ဆရာဝန်များက တွေ့ရှိခဲ့သည်။ ကိပ်ကော့ဆေးရုံမှ ဆရာဝန်များသည် အဆိုပါ ပိတ်ဆို့နေသည့် အစိုင်အခဲမှ အစအနကို နမူနာယူကာ ဓာတ်ခွဲခန်းတွင် စစ်ဆေးခဲ့ကြသည်။ ထို့နောက်တွင်တော့ ယင်းသည် ကင်ဆာကြိတ်တစ်ခု မဟုတ်ဘဲ အဆုတ်နှင့် အသက်ရှူလမ်းကြောင်းတွင် အမြစ်တွယ်နေသည့် ပဲပင်တစ်ပင်သာဖြစ်ကြောင်း ဆရာဝန်များက ရွန်အား ပြောပြခဲ့သည်။

ဖြစ်နိုင်သည်မှာ ရွန်စားလိုက်သည့် ပဲစေ့တစ်စေ့သည် အစာပြွန်မှ လမ်းကြောင်းမှားကာ အဆုတ်အတွင်း ရောက်သွားခြင်း ဖြစ်နိုင်သည်ဟု သိရသည်။ ထို့နောက်တွင်တော့ ခွဲစိတ်ဆရာဝန်များသည် ရွန်၏ ကိုယ်အတွင်းမှ ပဲပင်အား ခွဲစိတ်ပြီး ဖယ်ရှားပေးလိုက်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here