​ပဲ​ရစ်​ဟီ​တန်​ ​ချစ်​သူ​သစ်​ ရ​နေ​ပြီ​ဟု​ဆို

alt

ဟောလီးဝုဒ်၏ Socialite​ အဖြစ် နာမည်ကြီးနေသူ ပဲရစ်ဟီတန်​ တစ်ယောက် အတွဲသစ် ရနေပြီဟု သတင်းများက ဖော်ပြခဲ့သည်။ ဒေါက်ရိန်းဟတ်နှင့် လမ်းခွဲ​ လိုက်ပြီးနောက်

အသက် ၂၉ နှစ်ရှိ ဟိုတယ်အမွေခံ သန်းကြွယ်​ သူဌေးမလေးသည် လက်စ်ဗီးဂက်ရှိ နိုက်ကလပ် ပိုင်ရှင်​ တစ်ဦးနှင့် စုံတွဲ​ ခုတ်နေသည်ကို မျက်မြင်များက တွေ့ရှိခဲ့သည်။

သူမသည် ကြော်ငြာ​ တစ်ခု ရိုက်ကူး​ ပေးနေသည့် ကယ်လီဖိုးနီးယားရှိ လောင်းဘိချ်တွင် နိုက်ကလပ်​ ပိုင်ရှင် ဆစ်ဝေါ့နှင့် တပူးတတွဲ ဖြစ်နေကြောင်း X17 Online သတင်း​ ဌာနကဆိုသည်။ မျက်မြင်များက ဟီတန်နှင့် ဆစ်တို့သည် အလွန်​ ပျော်ရွှင်​ နေဟန်ရှိကြောင်း ပြောကြားခဲ့ကြသည်။ ဟီတန်သည် ဒေါက်နှင့် ယခုနှစ် အစောပိုင်း​ ကတည်းက လမ်းခွဲ​ ခဲ့ခြင်း​ ဖြစ်သည်။ သူမသည် ကမ္ဘာကျော် ပေါ်တူဂီ ဘောလုံးသမား ခရစ်စတီယာနို ရော်နာဒိုနှင့်လည်း နာမည်ထွက်​ ခဲ့သေးသည်။

မကြာသေးမီက အင်တာဗျူးတစ်ခုတွင် ဟီတန်က သူမသည် လူသိများ ထင်ပေါ်​ ကျော်ကြားခြင်း မရှိသူ တစ်ဦးနှင့် တွဲလိုကြောင်း ပြောဆိုခဲ့ဖူးသေးသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here