အို​စ​မာ​ဘင်​လာ​ဒင်​ အ​တွက်​ ​မြေး​အ​မွှာ​အား​ ​ဗြိ​တိန်​အ​မျိုး​သ​မီး​ ​အငှား​ ကိုယ်ဝန်​ လွယ်​ထား

alt

အို​စ​မာ​ ​ဘင်​လာ​ဒင်​၏​ ​မြေး​အ​ဖြစ်​ ​မွေး​ဖွား​လာ​မည့်​ ​အငှား​ကိုယ်​ဝန်​ကို​ ​လွယ်​ပေး​ထား​သည့်​ ​ဗြိ​တိ​သျှ​ ​အ​မျိုး​သ​မီး​က​ သူ​မ​၏​ ​အငှား​ကိုယ်​ဝန်​မှာ​ ​အ​မြွှာ​ဖြစ်​ကြောင်း​ ​အ​တည်​ပြု​ ​ကြေ​ညာ​လိုက်​သည်​။​

​က​မ္ဘာ​ကျော်​ ​အ​ကြမ်း​ဖက်​ ​ခေါင်း​ဆောင်​ကြီး​ ​အို​စ​မာ​၏​ ​သား​ဖြစ်​သူ​ ​အို​မာ​နှင့်​ ​ဗြိ​တိ​သျှ​ ​နိုင်ငံ​သူ​ ​ဇ​နီး​သည်​ ​ဇိုင်​နာ​တို့​၏​ ​မျိုး​ဗီ​ဇ​များ​ကို​ ​ရ​ယူ​ကာ​ ​အငှား​ကိုယ်​ဝန်​ ​ဆောင်​ပေး​ထား​သည့်​ ​လူး​ဝစ်​ပို​လက်​က​ ​သူ​မ​၏​ ​ကိုယ်​ဝန်​မှာ​ ​၈​ ​ပါတ်​အ​ရွယ်​ ​ရှိ​နေ​ပြီ​ဖြစ်​ကြောင်း​ ​မ​န်​ချက်​စ​တာ​မြို့​ ​ပု​ဂ္ဂ​လိ​က​ ​ဆေး​ခန်း​တစ်​ခု​တွင်​ ​စစ်​ဆေး​မှု​ ​ခံ​ယူ​ပြီး​နောက်​ ​ကြေ​ညာ​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​အို​မာ​သည်​ ​လက်​ရှိ​အ​ချိန်​တွင်​ ​ပင်​လယ်​ကွေ့​ဒေ​သ​ ​နိုင်ငံ​တစ်​ခု​ဖြစ်​သည့်​ ​ကာ​တာ​တွင်​ ​နေ​ထိုင်​လျက်​ရှိ​ပြီး​ ၎င်း​နှင့်​ ​တ​သီး​တ​ခြား​ ​နေ​ထိုင်​သည့် ​အ​သက်​ ​၅၄​ ​နှစ်​အ​ရွယ်​ ​ဇ​နီး​သည်​ရှိ​သော​ ​ဗြိ​တိန်​သို့​ ​ပြည်​ဝင်​ခွင့်​ ​မ​ရ​ချေ​။​ ​ယင်း​တို့​စုံ​တွဲ​၏​ ​အငှား​ကိုယ်​ဝန်​ကို​ ​ဆောင်​ပေး​ထား​သည့်​ ​အ​သက်​ ​၂၄​ ​နှစ်​အ​ရွယ်​ ​ပို​လက်​၏​ ​ကြေ​ညာ​ချက်​ကြောင့်​ ​ဇိုင်​နာ​သည်​ ​အ​လွန်​ပျော်​ရွှင်​ပြီး​ ​မျက်​ရည်​များ​ပင်​ ​ကျ​ခဲ့​ကြောင်း​ ​သူ​မ​၏​ ​မိတ်​ဆွေ​များ​က​ ​ပြော​ကြား​ခဲ့​သည်​။​

​သူ​မ​သည်​ ​ဗြိ​တိန်​သို့​ ​ပြန်​ရောက်​ပြီး​နောက်​ ​အငှား​ကိုယ်​ဝန်​ဆောင်​ ထား​ပေး​သည့်​ ​ပို​လက်​နှင့်​ အ​ချိန်​အ​တော်​ကြာ​ ​သွား​ရောက်​နေ​ထိုင်​ပေး​ခဲ့​သည်​။​ ​ယ​ခု​သ​တင်း​ကြောင့်​ ​ကာ​တာ​တွင်​ ​နေ​ထိုင်​သူ​ အို​မာ​သည်​လည်း​ ​စိတ်​လှုပ်​ရှား​နေ​ကြောင်း​ ​သိ​ရ​သည်​။​ ​သ​တင်း​များ​က​ အို​မာ​အ​နေ​နှင့်​ ၎င်း​၏​ကိုယ်​ဝန်​ကို​ ​ဆောင်​ပေး​ခဲ့​သည့်​ ​ပို​လက်​အ​တွက်​ ​ပေါင်​စ​တာ​လင်​ ​တစ်​​သောင်း​မျှ​ ​ပေး​ခဲ့​ရ​ဖွယ်​ရှိ​နေ​ကြောင်း​ ​ခန့်​မှန်း​ဖော်​ပြ​ခဲ့​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here