​မော်​စ​ကို​မြို့​တွင်​ ​တော​မီး​လောင်​မှု​မှ​ ​မီး​ခိုး​များ​ ဖုံး​လွှမ်း​နေ

alt

မော်စကိုမြို့တွင် တောမီးမှ ထွက်ပေါ် လာသည့် မီးခိုးလုံးများ ဖုံးလွှမ်းနေခြင်းက အသေ အပျောက် ဦးရေ တိုးလာစေကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

ရုရှား၏ မြို့တော်သည် မီးခိုးများ ဖုံးလွှမ်းကာ အဆိပ်သင့် လေထုများ ညစ်ညမ်း နေသည့်အတွက် လူ တစ်သိန်းကျော်ကို ရွှေ့ပြောင်း ပေးထားရသည်။ မြို့တော်၏ ပျမ်းမျှ သေဆုံးမှု အရေအတွက်သည် နေ့စဥ် ၃၆၀ မှ ၃၈၀ ထိ ရှိတတ်ကြောင်း၊ ယခု ရက်ပိုင်းအတွင်း သေဆုံးသူ ဦးရေမှာ ရ၀၀ ကျော်မျှ ရှိလာသည့် အတွက် သာမန် အခြေအနေထက် နှစ်ဆပိုများလာကြောင်း နိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုဌာန အကြီးအကဲ အင်ဒရီ ဆက်ဆော့စကီးက ပြောကြား သွားသည်။ မော်စကိုတွင် တောမီးအရှိန်ကြောင့် ထူးထူးခြားခြား အပူချိန် မြင့်တက် နေသလို မီးခိုးမှ ဖြစ်လာသည့် မြူခိုးများ အုံ့မှိုင်းလျက်ရှိသည်။

မော်စကို အုပ်ချုပ်ရေးအဖွဲ့သည် လေထုညစ်ညမ်းမှု ဆိုးဆိုးရွားရွား မြင့်တက် လာခြင်းနှင့်အတူ လူအများ၏ ကျန်းမာရေး အတွက်လည်း စိုးရိမ်စရာ ဖြစ်လာကြောင်း ပြောကြားခဲ့သည်။ Novaya Gazeta သတင်းစာက မော်စကို ဆေးတပ်သည် အရေးတကြီး အခြေအနေ မဟုတ်သည့် လူနာမျိုးကို ဆေးရုံတက်ခွင့် မပြုသေးဘဲ အခြားသော အရေးပေါ် ဖြစ်လာနိုင်သည့် အခြေအနေများ အတွက် ပြင်ဆင် ထားကြောင်း ရေးသားဖော်ပြခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here