လူ​သား​များ​နေ​ထိုင်ရန်​​ ​က​မ္ဘာ​ကြီး​ကို​ ​အား​ကိုး​ နေ​သည့်​ ဝါ​ဒ​အား​ ​စွန်​လွှတ်​သင့်​ပြီ​ဟု​ ​စ​တီ​ဖင်​ဟော့​ကင်း​ပြော​ကြား

alt

ကမ္ဘာကျော် သိပ္ပံပညာရှင် စတီဖင် ဟော့ကင်းက လူသားများအနေနှင့် မှီတင်းနေထိုင်ရန် ကမ္ဘာကြီးကို အားကိုး နေသည့် အရိုးစွဲဝါဒကို စွန့်လွှတ် သင့်ပြီဟု ပြောကြားလိုက်သည်။

အာကာသ ရူပဗေဒ ပညာရှင်ကြီးက လူသားများသည် အနာဂတ်တွင် အာကာသအတွင်း ကိုလိုနီများ ထူထောင်ရမည်ဖြစ်ပြီး ထိုသို့မဟုတ်ပါက လူသားမျိုးနွယ် ပျက်သုဥ်း လောက်အောင် အခြေအနေ ဆိုးရွား သွားနိုင်ကြောင်း သတိပေး လိုက်သည်။ Big Think ဝက်ဆိုက်နှင့် အင်တာဗျူးတွင် ပရော်ဖက်ဆာ ဟော့ကင်းက နောက်ထပ်နှစ်ပေါင်း ရာဂဏန်း အနည်းငယ်အတွင်း လူသားများ အနေနှင့် ကမ္ဘာတစ်ခုထဲတွင် ရှင်သန်ရန် ရုန်းကန်ရလိမ့်မည်ဟု ဟောကိန်းထုတ်ခဲ့သည်။ ၁၉၆၃ ခုနှစ်က ကျူးဘား ဒုံးကျည် အရေးအခင်းနှင့် အလားသဏ္ဍန်တူသည့် အဓိကရုဏ်းများ ထပ်မံ ဖြစ်ပွားလာနိုင်ကြောင်း၊ လူသားများသည် ပိုမို မျှတသည့် နည်းလမ်းများကို ရွေးချယ်ရန်​ အတွက် ကိုလိုနီဂြိုဟ်သစ်များ ရှာဖွေ ရမည်ဖြစ်ကြောင်း ဟော့ကင်းကဆိုသည်။

ယခုနှစ် အစောပိုင်းကလည်း ဟော့ကင်းက မိမိသည် အခြားကမ္ဘာမှ အသိဉာဏ် အဆင့်အတန်း မြင့်မားသည့် သက်ရှိ (ဂြိုဟ်သား)များနှင့် ဆက်သွယ်ရန် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့ဖူးသည်။ ၎င်းက ကမ္ဘာသည် အဖက်ဖက်မှ ယိုယွင်း လာနေပြီဖြစ်ပြီး လူသားများ၏ အရေအတွက်သည်လည်း တစထက်တစ တိုးပွား လာကြောင်း၊ ကမ္ဘာ့နိုင်ငံ အသီးသီးသည် အာကာသအတွင်း လူသားများ မှီတင်း နေထိုင်နိုင်မည့် နောက်ထပ်ဂြိုဟ်အသစ်များကို အာရုံစိုက် ရှာဖွေ သင့်ပြီ ဖြစ်ကြောင်း ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here