က​မ္ဘာ​မြောက်​ဖျား​ ​ဂ​ရင်း​လင်း​ကျွန်း​မှ​ ​ရေ​ခဲ့​စိုင်​ကြီး​ ​ပဲ့​ထွက်​လာ

alt

သိ​ပ္ပံ​ပ​ညာ​ရှင်​များ​က​ ​က​မ္ဘာ့​မြောက်​ဖျား​ပိုင်း​ ​ဂ​ရင်း​လန်း​ကျွန်း​ရှိ​ ​ကြီး​မား​လှ​သော​ ​ရေ​ခဲ​စိုင်​ကြီး​တစ်​ခု​ ​ပဲ့​ထွက်​လာ​ကြောင်း​ ​အ​တည်​ပြု​ ​ပြော​ကြား​လိုက်​သည်​။​

​ပြီး​ခဲ့​သည့်​ သီ​တင်း​ပါတ်​က​ ​သ​မု​ဒ္ဒ​ရာ​အ​တွင်း​ ​မျော​ပါ​လာ​သည့်​ ​ရေ​ခဲ​တုံး​ကြီး​သည်​ ​စ​တု​ရန်း​မိုင်​ ​၁၀၀​ ​ကျော်​ ​ကျယ်​ဝန်း​ပြီး​ ​ယင်း​မှ​ ​အ​ရည်​ပျော်​လာ​သည့်​ ​ရေ​ထု​သည်​ ​အ​မေ​ရိ​ကန်​ ​ပြည်​ထောင်​စုကို​ ​၄​ ​လ​လုံး​လုံး​ ​ရေ​လို​အပ်​ချက်​ ​ဖြည့်​ဆည်း​ပေး​နိုင်​မည်​ဟု​ ​သိ​ရှိ​ရ​သည်​။​ ဩ​ဂုတ်​လ​ဆန်း​က​ ​မြောက်​ဝင်​ရိုး​စွန်း​ ​တောင်​ဖက်​ပိုင်း​ ​မိုင်​ပေါင်း​ ​၆၂၀​ ​အ​ကွာ​ရှိ​ ​ဂ​ရင်း​လန်း​နှင့်​ ​က​နေ​ဒါ​ ​နိုင်ငံ​ကြား​မှ​ ​နီ​ရက်​အ​မည်​ရှိ​ ​ရေ​ခဲ​ပြင်​မှ​ ​ပဲ့​ထွက်​လာ​သော​ ​ရေ​ခဲ​ကျောက်​ဆောင်​ကြီး​၏​ထု​မှာ​ ​အ​မေ​ရိ​ကန်​ရှိ​ ​အင်​ပါ​ယာ​စ​တိတ်​ ​အ​ဆောက်​အ​အုံ​ကြီး​၏​ ​အ​ြ​မင့်​ပေ​ ​ထက်​ဝက်​ကျော်​မျှ​ရှိ​သည်​။​

​ဒီ​လာ​ဝဲ​တ​က္က​သိုလ်​ ​သ​မု​ဒ္ဒ​ရာ​နှင့်​ ​အ​ဏ္ဏ​ဝါ​သိ​ပ္ပံ​ဌာ​န​ အ​ကြီး​အ​ကဲ​ ​ပ​ရော်​ဖက်​ဆာ​ ​အန်း​ဒ​ရက်​မွန်​ချူး​က​ ​ဂ​ရင်း​လန်း​မှ​ ​နောက်​ထပ်​ပဲ့​ထွက်​လာ​နိုင်​သည့်​ ​ရေ​ခဲ​တုံး​ကြီး​ ​နှစ်​ခု​မျှ​ ​ကျန်​ရှိ​နေ​သေး​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။​ ၎င်း​က​ ​ရေ​ခဲ​တုံး​ကြီး​များ​တွင်​ ​ပါ​ဝင်​ဖွဲ့​စည်း​နေ​သော​ ​ရေ​ချို​ပ​မာ​ဏ​သည်​ ​ဒီ​လာ​ဝဲ​မြစ်​ ​သို့​မ​ဟုတ်​ ​ဟတ်​ဆန်​မြစ်​များ​ ​နှစ်​နှစ်​လုံး​လုံး​ ​စီး​ဆင်း​နေ​ရ​မည့်​ ​အ​တိုင်း​အ​တာ​နှင့်​ ​ညီ​မျှ​ကြောင်း​ ​မှတ်​ချက်​ပြု​ခဲ့​သည်​။​

ယ​ခု​လို​ ​ရေ​ခဲ​တုံး​ကြီး​များ​ ​ပဲ့​ထွက်​နေ​ခြင်း​သည်​ ​က​မ္ဘာ​ကြီး​ ​ပူ​နွေး​လာ​မှု​နှင့်​ ​ဆက်​စပ်​နေ​ပြီး​ ​ဝင်​ရိုး​စွန်း​ ​ဒေ​သ​ရှိ​ ​ပင်​လယ်​ရေ​မျက်​နှာ​ပြင်​ ​အ​မြင့်​သည်​ ​၂၀၀၃​ ​ခု​နှစ်​နောက်​ပိုင်း​ ​အ​ပြောင်း​အ​လဲ​များ​ ​သိ​သိ​သာ​သာ​ ​ဖြစ်​ပေါ်​နေ​ကြောင်း​ ​သ​တိ​ပေး​ခဲ့​သည်​။​ ​သိ​ပ္ပံ​ပ​ညာ​ရှင်​များ​က​ ​၂၀၁၀​ ​ခု​နှစ်​သည်​ ​သ​မိုင်း​တ​လျှောက်​ ​တစ်​က​မ္ဘာ​လုံး​ ​ပျမ်း​မျှ​အ​ပူ​ချိန်​ ​အ​မြင့်​ဆုံး​ကာ​လ​ဖြစ်​ကြောင်း​လည်း​ ​ပြော​ဆို​ထား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here