မိုး​သည်း​ထန်​ ​ရေ​ကြီး​နေသည့်​ ​တ​ရုတ်​နိုင်ငံ​သို့​ ​မုန်​တိုင်း​တစ်​ခု​ ဦး​တည်​နေ

alt

မိုးသည်းထန်ကာ ရေကြီးမှုများ ဖြစ်ပေါ်နေသည့် တရုတ် နိုင်ငံ အတွင်း ကယ်ဆယ်ရေး ဆောင်ရွက် နေသူများ အတွက် အားကောင်းစ ပြုလာသည့် မုန်တိုင်းက စိန်ခေါ်မှု အသစ်တစ်ခု ဖြစ်လာခဲ့သည်။

ရေလွှမ်းမိုးမှုနှင့် မြေပြိုမှုများအတွင်း အနည်းဆုံး လူ ရ၀၀ သေဆုံးပြီး ၁၀၀၀ ကျော် ပျောက်ဆုံးနေသည့် ဂန်ဆု  ပြည်နယ်သို့ အပူပိုင်း မုန်တိုင်း တစ်ခု ဦးတည် လာနေကြောင်း မိုးလေဝသ ပညာရှင်များက ပြောကြားခဲ့သည်။ မုန်တိုင်း၏ အရှိန်ကြောင့် အနည်းဆုံး ၃ ရက်မျှ သည်းသည်း ထန်ထန် မိုးရွာသွန်း နေဖွယ်ရှိပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ကြန့်ကြာ နိုင်သလို ရေကြီးမှုများ ပိုမို ဆိုးရွားလာဖွယ် ရှိနေသည်။ ရေကြီးမှုများ ဆိုးဆိုးရွားရွား ကြံုတွေ့နေရသည့် ယင်း နေရာများသို့ အစိုးရက ကူးစက်ရောဂါ တားဆီးရေး ပညာရှင်များ ပါဝင်​သည့် ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့များအား စေလွှတ်ထားသည်။ ယခုအခါ အပူပိုင်းမုန်တိုင်း ဒီယန်မူသည် တရုတ်မြောက်ပိုင်းသို့ ဦးတည်နေပြီး ရေကြီးမှုများ ယခင်ကထက် တိုးများ လာနိုင်ကြောင်း သတိပေးချက် ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံရှိ ရေလွှမ်းမိုးရာ ဒေသများတွင် အိမ်ခေါင်မိုးများပေါ်တက်နေရသည့် ဒေသခံများကို ကယ်ဆယ်ရေးများက လိုက်လံရှာဖွေနေဆဲဖြစ်သည်။ ကယ်ဆယ်ရေးတပ်ဖွဲ့များက ဒီယန်မူ မုန်တိုင်းကြောင့် မိမိတို့၏ လုပ်ဆောင်မှုများတွင် အကန့်အသတ် ဖြစ်နိုင်ကြောင်း ဝန်ခံထားပြီး မြေပြိုမှုများမှ လွတ်မြောက်ရန် တောင်စောင်းများနှင့် နီးကပ်သည့် နေရာများတွင် နေထိုင်သူများအား ရွှေ့ပြောင်းကြရန် နှိုးဆော်ထားကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here