အ​ချစ်​ခန်း​များ​ ​ရိုက်​ကူး​ရ​ခြင်း​​မှာ​ ​မ​အီ​မ​သာ​ ​ဖြစ်​စ​ရာ​ဟု​ ​အမ်​မာ​ရော​ဘတ် ​ပြော​ကြား

alt

အမ်မာရောဘတ်က သူမ​ အနေနှင့် အချစ်ခန်းများ ရိုက်ကူး​ ရတိုင်း မအီမသာ ဖြစ်ရကြောင်း ဝန်ခံ​ ပြောကြား​ လိုက်သည်။ ဟောလီးဝုဒ်​ ကြယ်ပွင့် ဂျူလီယာ​ ရောဘတ်၏ တူမဖြစ်သူ ဆယ်ကျော်သက် မင်းသမီးလေးက

ကင်မရာ​ ရှေ့တွင် အဝတ်အစားများ ချွတ်​ ရတိုင်း စိတ်​ အနှောင့်အယှက် ဖြစ်ရကြောင်း ပြောဆို​ သွားသည်။ သူမ​ အနေနှင့် ရိုက်ကွင်းတွင် အချစ်ခန်းများ ရိုက်ရတိုင်း ပင်ပန်းသည်ဟု ခံစားရပြီး လုံးလုံး​ လျားလျား အဖော်​ အချွတ်မျိုး မည်သည့်​ အခါမှ ရိုက်ဖြစ်မည်​ မထင်ကြောင်း အသက် ၁၉ နှစ်​ အရွယ် အမ်မာက ဖွင့်ဟ​ ခဲ့သည်။ w​ မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် သူမက မိမိသည် တစ်ခါမျှ ပွင့်ပွင့်​ လင်းလင်း အချစ်ကြမ်းသည့် ဇာတ်ဝင်​ခန်းများ မရိုက်ဖူး​ ခဲ့ကြောင်း ပြောဆို​ သွားသည်။

အမ်မာက သူမ၏ အဒေါ်ဖြစ်သူ ဂျူလီယာကို အလွန်​ အားကျပြီး သူမကဲ့သို့ ဟောလီးဝုဒ်၏ အထင်ရှားဆုံး သရုပ်ဆောင်​ တစ်ဦး ဖြစ်လာချင်ကြောင်း ဝန်ခံ​ ခဲ့သည်။ Hotel for Dogs​ စတား မင်းသမီးလေးက ဂျူလီယာသည် သူမ​ အတွက် စံပြ​ ဖြစ်ပြီး ထိုကဲ့သို့ အောင်မြင်အောင် ကြိုးစား​ သွားမည်ဟု​ လည်း ထုတ်ဖော်​ ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here