​ထ​ရပ်​ကား​တစ်​စင်း​အ​ရွယ်​ ​မိ​ကျောင်း​အား​ ​အ​သေ​ပစ်​ခတ်​ ဖမ်း​ဆီး​ခဲ့

alt

ကုန်းမြေပေါ်သို့ ကျူးကျူး ကျော်ကျော် ရောက်ရှိ လာသည့် ကြီးမားလှသော မိကျောင်းကြီး တစ်ကောင်အား အသေ ပစ်ခတ် ဖမ်းဆီး နိုင်ခဲ့သည့် ဓာတ်ပုံဟောင်း တစ်ခု ထွက်ပေါ် လာခဲ့သည်။

အရှည် ၂၂ ပေ ရှိကာ ထရပ်ကား တစ်စင်းစာမျှ ရှိနေသော အဆိုပါ သတ္တဝါကြီးအား ဩစတြေးလျ မြောက်ပိုင်းရှိ ကျွဲ နွားအုပ်များကို ဝင်ဆွဲရန် ကြိုးပမ်း နေစဥ် လယ်သမားများက ပစ်သတ် နိုင်ခဲ့ခြင်း ဖြစ်သည်။ အလွန် ကြီးမားလှသည့် မိကျောင်းကြီးသည် ဆိတ်များနှင့် ကျွဲနွားများကို တိုက်ခိုက်ရန် ကြိုးပမ်းခဲ့ရာ လယ်သမားများက ခုခံခဲ့ခြင်း ဖြစ်သည်။ ၁၉၉၇ ခုနှစ်က သေဆုံးခဲ့ပြီ ဖြစ်သည့် သတ္တဝါကြီးအား မှတ်တမ်းတင် ရိုက်ကူး ထားသော ဓာတ်ပုံ အတွင်းရှိ သတ္တဝါကြီးအား သတ်ဖြတ်ခဲ့ကြောင်း ယခုအခါ ဒါဝင် အနောက်တောင်ပိုင်း မိုင် ၆၀ဝ တွင် နေထိုင်သည့် ဂျီဒါဖရန်ဆစ်က ဆိုသည်။ ဂျီဒါက ပုံ အတွင်း မိန်းကလေးငယ် တစ်ဦး၊ ထရပ်ကားကြီး တစ်စင်းနှင့် ယှဥ်ကာ ပြသ ထားသည့် မိကျောင်းကြီးအား မိမိနှင့် မိတ်ဆွေ လယ်သမားများက သတ်ဖြတ် ခဲ့ခြင်းဟု ပြောဆိုခဲ့​သည်။

ဩစတြေးလျသည် မိကျောင်း ထူထပ်ပေါများသည့် နိုင်ငံ တစ်ခုဖြစ်သလို မြစ်ချောင်းများ အတွင်း ရေဆင်း ကူးရာမှ မိကျောင်းများ တိုက်ခိုက်မှုကြောင့် သေဆုံးခြင်းများလည်း မကြာခဏ တွေ့ကြံုရတတ်သည်။ သတင်းဆိုး တစ်ခု အနေနှင့် ယခုလို ၂၂ ပေမျှရှိသည့် မိကျောင်းကြီး အနည်းဆုံး ၂ ကောင်မျှသည် အဆိုပါ ဒေသတွင် ရှိနေဆဲဟု ယုံကြည် ရသည်။ ယင်းတို့သည် ဝါရိန်းမြစ် အတွင်း ကျက်စားနေပြီး တစ်ကောင်လျင် Toyota 4×4 ကား နှစ်စင်းစာမျှပင် အလေးချိန် ရှိနိုင်ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here