​ဥ​ရော​ပ​ အ​လယ်​ပိုင်း​တွင် ​ရေ​ကြီး​မှု​များ​ ဖြစ်​ပွား

alt

ဥ​ရော​ပ​တိုက်​ ​အ​လယ်​ပိုင်း​တွင်​ ​ပြီး​ခဲ့​သည့်​ ​သီ​တင်း​ပါတ်​ကုန်​က​ ​ရေ​ကြီး​မှု​များ​ ​ဖြစ်​ပွား​ခဲ့​ရာ​ ​အ​နည်း​ဆုံး​ ​လူ​ ​၁၄​ ဦး​ ​သေ​ဆုံး​သွား​ကြောင်း​ ​သိ​ရ​သည်​။

​ ​ပို​လန်​၊​ ​ဂျာ​မ​နီ​၊​ ​ချက်​နှင့်​ ​လစ်​သူ​ဘေး​နီး​ယား​ ​နိုင်ငံ​များ​ရှိ​ ​မြစ်​များ​တွင်​ ​ရေ​လျှံ​မှု​များ​ ​ဖြစ်​ပွား​ခဲ့​ပြီး​ ​ပေါ်​တူ​ဂီ​တွင်​လည်း​ ​တော​မီး​များ​ ​လောင်​ကျွမ်း​နေ​သည်​။​ ​ပို​လန်​အ​နောက်​တောင်​ပိုင်း​တွင်​ ​လူ​ ​၃​ ဦး​ ​ရေ​နစ်​သေ​ဆုံး​ကြောင်း​ ​ပို​လန်​ပြည်​ထဲ​ရေး​ ​ဝန်​ကြီး​ဌာ​န​က​ ​ကြေ​ညာ​ခဲ့​သည်​။​ ဩ​ဂုတ်​လ​ ​၇​ ​ရက်​နှင့်​ ​၈​ ​ရက်​များ​အ​တွင်း​ ​ဖြစ်​ပွား​ခဲ့​သည့်​ ​ရေ​ကြီး​မှု​များ​ကြောင့်​ ​အ​ဆို​ပါ​ ​ဒေ​သ​များ​ရှိ​ ​လူ​ပေါင်း​ ​၇၀၀​ ​ကျော်​ကို​ ​ပို​လန်​မီး​သတ်​ဌာ​န​က​ ​ရွှေ့​ပြောင်း​ပေး​ခဲ့​ရ​သည်​။​ ​ဂျာ​မ​နီ​ရှိ​ ​ဆည်​တစ်​ခု​ ​ကျိုး​ပေါက်​ရာ​မှ​လည်း​ ​ဂျာ​မန်​နှင့်​ ​ပို​လန်​တို့​တွင်​ ​ရေ​ကြီး​မှု​များ​ ​ဖြစ်​ပေါ်​နေ​ကြောင်း​ ​နှစ်​နိုင်ငံ​ ​အာ​ဏာ​ပိုင်​များ​က​ ​အ​တည်​ပြု​ခဲ့​သည်​။

​ ​ဂျာ​မန်​ရဲ​တပ်​ဖွဲ့​က​ ​ဂေါ်​ရီ​လက်​နှင့်​ ​ပတ်​ဝန်း​ကျင်​ ​ဒေ​သ​များ​တွင်​ ​ဖြစ်​ပေါ်​နေ​သည့်​ ​ရေ​ကြီး​မှု​များ​အ​တွင်း​ ​လူ​ပေါင်း​ ​၁၅၀၀​ ​မျှ​ကို​ ​အ​ရေး​ပေါ်​ ​ရွှေ့​ပြောင်း​ပေး​ခဲ့​ရ​ကြောင်း​ ​အ​တည်​ပြု​ခဲ့​သည်​။​ ​ဂျာ​မန်​ ​ကယ်​ဆယ်​ရေး​တပ်​ဖွဲ့​ဝင်​ ​၁၇၀၀​ ​ကျော်​တို့​သည်​ ​အ​ဆို​ပါ​ ​ဒေ​သ​များ​တွင်​ ​ပိတ်​မိ​နေ​သူ​များ​အား​ ​လှေ​များ​၊​ ​ရ​ဟတ်​ယာဥ်​များ​ ​အ​သုံး​ပြု​ ​ရှာ​ဖွေ​နေ​ဆဲ​ဖြစ်​သည်​။​ ဂျာ​မန်​တောင်​ပိုင်း​ ​နျူ​ကာ​ချန်​တွင်​လည်း​ ​လူ​ ​၃​ ဦး​ ​ရေ​နစ်​သေ​ဆုံး​ခဲ့​သည်​။​ ချက်​အ​စိုး​ရ​က​လည်း ​နိုင်ငံ​အ​နောက်​ပိုင်း​တွင်​ ​မြစ်​ရေ​လျှံ​မှု​များ​ကြောင့်​ ​လူ​ ​၆​ ဦး​ ​ရေ​နစ်​သေ​ဆုံး​သွား​ကြောင်း​ ​ကြေ​ညာ​ခဲ့​သည်​။​ ​သို့​တိုင်​အောင်​ ဩ​ဂုတ်​လ​ ​၈​ ​ရက်​နေ့​တွင်​ ​မိုးသည်း​ထန်​စွာ​ ​ရွာ​သွန်း​နေ​မှု​ ​ရပ်​ဆိုင်း​သွား​ခြင်း​ကြောင့်​ ​ကယ်​ဆယ်​ရေး​ ​လုပ်ငန်း​များ​ ​ထိ​ထိ​ရောက်​ရောက်​ ​ဆောင်​ရွက်​လာ​နိုင်​ဖွယ်​ ​ရှိ​နေ​သည်​။

​ပေါ်​တူ​ဂီ​နိုင်ငံ​ ​ဆော​ပီ​ဒ​ရို​ဒို​ဆူ​တွင်​ ​တော​မီး​များ​ ဩ​ဂုတ်​လ​ ​၇​ ​ရက်​နေ့​က​ ​စ​တင်​လောင်​ကျွမ်း​လျက်​ရှိ​ပြီး​ ​နေ​ရာ​ပေါင်း​ ​အ​ခု​ ​၂၀​ ​ထိ​ ​ပျံနှံ့​လျက်​ရှိ​ကြောင်း​၊​ ​တော​မီး​ကို​ ​မီး​သတ်​သ​မား​ ​၅၀၀​ ​ကျော်​တို့​က​ ​ငြှိမ်း​သတ်​ရန်​ ​ကြိုး​ပမ်း​နေ​ဆဲ​ဖြစ်​ကြောင်း​ ​ပေါ်​တူ​ဂီ​ ​ပြည်​သူ့​လုံ​ခြံု​ရေး​ ​ဝန်​ဆောင်​မှု​ဌာ​န​က​ ​ကြေ​ညာ​သွား​သည်​။​ ​တော​မီး​ကို​ ​ငြှိမ်း​သတ်​ရန်​ ​မီး​သတ်​ကား​ ​၆၀​ ​နှင့်​ ​ရ​ဟတ်​ယာဥ်​ ​၃​ ​စင်း​ကို​လည်း​ ​အ​သုံး​ပြု​ထား​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here