ကင်​ညာ​ရွေး​ကောက်​ပွဲ​အား​ ​အ​မေ​ရိ​ကန်​သ​မ္မ​တ​အို​ဘား​မား​ ​ချီး​ကျူး

alt

အမေရိကန် သမ္မတ ဘာရတ် အိုဘားမားက ကင်ညာ နိုင်ငံတွင် ရွေးကောက်ပွဲ အတွက် မဲဆန္ဒ ပေးခွင့်နှင့် ပတ်သက်ပြီး လွတ်လပ်သော၊ ပွင့်လင်း ရိုးသားသော လုပ်ဆောင်မှုအ ဖြစ် ချီးကျူး ပြောကြား ခဲ့သည်။

ကင်ညာ ပြည်သူများနှင့် အစိုးရတို့သည် ရွေးကောက်ပွဲကို ငြိမ်းချမ်းစွာနှင့် အမြင် ရှင်းလင်းစွာ လုပ်ဆောင် နိုင်ခဲ့ခြင်း အတွက် အမေရိကန် ပြည်ထောင်စုက ဂုဏ်ပြုကြောင်းနှင့် နိုင်ငံ၏ အုပ်ချုပ်ရေး ပြန်လည် ထူထောင်မှုသည် အကောင်းဆုံး ခြေလှမ်း နေသည်ဟု အသိအမှတ် ပြုပါကြောင်း အိုဘားမားက ကြေညာခဲ့သည်။ ၎င်းက ယခု ရွေးကောက်ပွဲသည် ကင်ညာ၏ ဒီမိုကရေစီ ထူထောင်ရေးအတွက် အရေးပါသည့် မှတ်တိုင်တစ်ခု ဖြစ်လာ စေမည်ဟု ဆိုသည်။ ဩဂုတ်လ ၅ ရက်နေ့ ကလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ကင်ညာ၏ ရွေးကောက်ပွဲ ကျင်းပမှုကို ချီးကျူး ပြောကြား ခဲ့သေးသည်။

ကင်ညာတွင် ဖြစ်ပွားခဲ့သည့် မုန်းတီးတိုက်ခိုက်မှုများအလွန် ဖွဲ့စည်းပုံ ဥပဒေသစ်အတွက် ရည်ရွယ်ကျင်းပသည့် ရွေးကောက်ပွဲတွင် မဲအရေအတွက် ၆၇ ရာခိုင်နှုန်း ရခဲ့ပြီးနောက် ဥပဒေသစ်ကို အတည်ပြုနိုင်ခဲ့ကြောင်း အစိုးရက ကြေညာသည်။ နိုက်ဂျီးရီးယား နိုင်ငံခြားရေး ဝန်ကြီး ဟင်နရီ အိုဒီယန် အဂျူမွန်ဂိုဘလာကလည်း ကင်ညာ ရွေးကောက်ပွဲအား ချီးကျူးခဲ့ပြီး နိုင်ငံ၏ ဒီမိုကရေစီ ခြေလှမ်းသစ်ကို ဖော်ဆောင် ပေးနိုင်ခဲ့သည့် ကင်ညာပြည်သူများ အတွက် ဂုဏ်ယူပါကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here