က​မ္ဘာ့​ပ​ထ​မ​ဆုံး​ 3D​ ​နည်း​ပ​ညာ​သုံး​ ​ညစ်​ညမ်း​ ရုပ်​ရှင်​ ​စ​တင်​ ရိုက်​ကူး​ရန်​ စီ​စဥ်

alt

ဟောင်ကောင်ရှိ ရုပ်ရှင် ထုတ်လုပ်သူများသည် ကမ္ဘာ့ ပထမဆုံး 3D နည်းပညာသုံး ညစ်ညမ်း ရုပ်ရှင်ကို စတင် ရိုက်ကူးရန် စီစဥ် နေပြီဟု သိရသည်။

အမေရိကန်ဒေါ်လာ ၃.၂ သန်းမျှ အကုန်ခံ ရိုက်ကူးမည့် Sex and Zen: Extreme Ecstansy (3D) သည် အာရှဈေးကွက်တွင်သာမက ဥရောပနှင့် အမေရိကတိုက်တွင်ပါ တွင်ကျယ်စွာ ဖြန့်ဖြူးနိုင်ရန် မျှော်လင့်ထားကြောင်း ပရိုဂျူဆာ စတီဖင်ရှူးက ပြောကြားခဲ့သည်။ ယင်းဇာတ်ကားတွင် ဂျပန်၏ အဖော်အချွတ်နှင့် လိင်မင်းသမီးများ ဖြစ်ကြသည့် ယူကီကိုဆိုနှင့် ဆိုရီဟာရာတို့ ပါဝင်မည်ဟုဆိုသည်။

ယင်းဇာတ်ကားသည် မြို့စားတစ်ဦးက စိတ်ကူးယဥ် ဖန်တီးထားသည့် လိင်အညှီအဟောက် လောကအတွင်း ရောက်ရှိသွားသည့် လူငယ်တစ်ဦးသည် ထိုကိစ္စတွင် ၎င်း၏ဇနီးဟောင်းပါ ဆက်နွယ်ပတ်သက်နေကြောင်း သိရှိလာပုံကို ရိုက်ကူးထားသည်။ စတီဖင်က 3D အမြင်ဖြင့် တင်ဆက်သည့် လိင်မြင်ကွင်းများသည် အလွန်စိတ်လှုပ်ရှားဖွယ် ဖြစ်လိမ့်မည်ဟုဆိုသည်။ ၎င်းက တရုတ်၏ ဆင်ဆာဥပဒေအရ ပြည်မကြီးသို့ တင်သွင်းခွင့် ပိတ်ပင်မည် ဖြစ်သော်လည်း ဟောင်ကောင်တွင် လူကြိုက်များဖွယ်ရှိကြောင်း ခန့်မှန်းခဲ့သည်။

စတီဖင်က အာရှဒေသတွင်း ဂျပန်၊ ကိုရီးယား၊ အရှေ့တောင်အာရှ နိုင်ငံအချို့နှင့် ဟောင်ကောင်ရှိ အခပေးရုပ်သံလိုင်း အချို့တို့နှင့် သဘောတူညီမှု ရယူနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here