​က​မ္ဘာ့​ပေါ်​တွင်​ ​ညှို့​အား​​ အ​ပြင်း​ဆုံး​ ​က​လေး​အ​မေ​​ အ​ဖြစ်​ ​ဟယ်​လီ​ဘယ်​ရီ​အား​ ​ရွေး​ချယ်

alt

ဂျိမ်းစဘွန်း မင်းသမီးဟောင်း ဟယ်လီဘယ်ရီသည် ကမ္ဘာပေါ်တွင် ညှို့အား အပြင်းဆုံး ကလေးအမေ အဖြစ် ပရိသတ်များ၏ မဲပေး ရွေးချယ်မှု ခံခဲ့ရကြောင်း သိရသည်။

Swordfish မင်းသမီး ဟယ်လီသည် askman.com​ က facebook​ ရှိ ပရိသတ်များထံမှ မဲဆန္ဒကို ကောက်ခံခဲ့ရာ ယခုလို ဂုဏ်ပြုရွေးချယ် ခံရခြင်း​ ဖြစ်သည်။ သူမတွင် ၂ နှစ်ခွဲအရွယ် သမီးလေး နာဟီယာရှိနေသည်။ ဟယ်လီ၏ နောက်တွင် Irreversible မင်းသမီး မိုနီကာဘီလူဆီက ဒုတိယ ရရှိသည်။ ထို့နောက်တွင်တော့ Whiteout မင်းသမီး ကိတ်ဘက်ကင်ဆေး၊ Fantastic Four မင်းသမီး ဂျက်ဆီကာ အယ်ဘာ၊ ဆယ်မာဟေးယက်တို့က ဆက်တိုက် မဲ အများဆုံး ရရှိခဲ့သည်။

ဟယ်လီသည် ယခုအခါ အသက် ၄၄ နှစ်အရွယ် ရှိနေပြီဖြစ်သည်။ askman.com​ ၏ အယ်ဒီတာက ထိပ်ဆုံး ၁၀ ဦးလုံး အသက် ၃၅ နှစ်အထက် အရွယ်များ ဖြစ်ကြပြီး အမျိုးသမီးများသည် အသက် ၄၀ ဝန်းကျင်တွင် ဆွဲဆောင်မှု အရှိဆုံးဟု ယူဆနိုင်ကြောင်း ပြောကြားခဲ့သည်။ askman.com​ သည် ယခု ဆန္ဒမဲ အတွက် ခေါင်းစဥ်ကို MLF (Mother I Like to F***)​ ဟု အမည်ပေးကာ ပရိသတ်ထံမှ မဲကောက်ခံ တောင်းယူခဲ့ခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here