တ​ရုတ်​အ​နောက်​မြောက်​ပိုင်း​တွင်​ ​ရေ​ကြီး​မြေ​ပြို​မှု​ကြောင့်​ ​အ​နည်း​ဆုံး​ ​၁၂၇​ ဦး​သေ​ဆုံး

alt

တ​ရုတ်​နိုင်ငံ​ ​အ​နောက်​မြောက်​ပိုင်း​တွင်​ ​ရေ​ကြီး​ပြီး​ ​မြေ​ပြိုမှု​ကြောင့်​ ​အ​နည်း​ဆုံး​ ​လူ​ ​၁၂၇​ ဦး​ ​သေ​ဆုံး​သွား​ကြောင်း​ ​သိ​ရ​သည်​။​ ဩ​ဂုတ်​လ​ ​၈​ ​ရက်​နေ့​က​ ​မိုး​သည်း​ထန်​ပြီး​ ​ရေ​ကြီး​မှု​များ​ကြောင့်​ ​မြေ​ပြို​ခဲ့​ရာ​ ​ဇူ​ကူ​မြို့​သည်​ ​မြို့​တစ်​ဝက်​နီး​ပါး​ ​ရွှံ့​နွံ​များ​ ​ဖုံး​သွား​ခဲ့​သည်​။​ ​

ကယ်​ဆယ်​ရေး​များ​က​ ​​မြေ​ပြို​မှု​များ​အ​တွင်း​ ​နောက်​ထပ်​လူ​ ​၂၀၀၀​ ​မျှ​ ​ပျောက်​ဆုံး​နေ​ကြောင်း​လည်း​ ​အ​တည်​ပြု​ခဲ့​သည်​။​ ​တ​ရုတ်​နိုင်ငံ​သည်​ ​ဆယ်​စု​နှစ်​အ​တွင်း​ ​အ​ဆိုး​ရွား​ဆုံး​ ​ရေ​ကြီး​မှု​များ​ကို​ ​ရင်​ဆိုင်​နေ​ရ​ပြီး​ ​ကြီး​မား​သော​ ​ဆုံး​ရှုံး​မှု​များ​နှင့်​ ​ရင်​ဆိုင်​နေ​ရ​သည်​။​ ​ယ​ခု​နောက်​ဆုံး​ ​ဂန်​နန်း​ရှိ​ ​ဇူ​ကူ​နှင့်​ ​အ​နီး​တ​ဝိုက်​ ​ဒေ​သ​များ​တွင်​ ​ဖြစ်​ပွား​ခဲ့​သော​ ​မြေ​ပြို​မှု​များ​ကြောင့်​ ​အ​ဆောက်​အ​အုံ​များ​၊​ ​တံ​တား​များ​၊​ ​လူ​နေ​အိမ်​ခြေ​များ​စွာ​ ​ပျက်​စီး​ခဲ့​ရ​သည်​။​ ​အ​စိုး​ရ​က​ ​ရေ​ဘေး​သင့်​ ​ဒေ​သ​များ​သို့​ ​သောက်​ရေ​နှင့်​ စား​နပ်​ရိ​က္ခာ​များ​ ​ထောက်​ပံ့​ပေး​ပို့​ရန်​ ​စီ​စဥ်​နေ​မှု​များ​မှာ​ ​အ​ခက်​အ​ခဲ​ ​ကြီး​ကြီး​မား​မား​ ​ရှိ​နေ​​ကြောင်း​ ​ဝန်​ခံ​ထား​သည်​။​

​မိုး​များ​သည်း​ထန်​စွာ​ ​ရွာ​သွန်း​ပြီး​ ​ဘေ​လွန်​မြစ်​အ​တွင်း​မှ​ ​ရေ​များ​လျှံ​တက်​လာ​ခြင်း​ကြောင့်​ ​ရေ​ကြီး​ကာ​ ​မြေ​ပြို​မှု​များ​ ​ဖြစ်​ပွား​ခဲ့​ခြင်း​ဟု​ ​ဇူ​ကူ​မြို့​တော်​ ​အုပ်​ချုပ်​ရေး​ဌာ​န​က​ ​ပြော​ကြား​ခဲ့​သည်​။​ ​တ​ရုတ်​အ​စိုး​ရ​ပိုင်​ CCTV​ ​သ​တင်း​ဌာ​န​က​လည်း​ ​ရေ​ဘေး​သင့်​ ​ဒေ​သ​များ​သို့​ ​ဆက်​သွယ်​သည့်​ ​လမ်း​ကြောင်း​များ​ ​ပြတ်​တောက်​နေ​သ​ဖြင့်​ ရ​ဟတ်​ယာဥ်​များ​ကို​ ​အ​ဓိ​က​ ​အား​ကိုး​ကာ​ ​ ​ထောက်​ပံ့​ရေး​ ​လုပ်ငန်း​များ​ ​ပြု​လုပ်​နေ​ကြောင်း​ ​ဖော်​ပြ​သွား​သည်​။​ ​အ​ဆို​ပါ​ ​ဒေ​သ​တွင်​ ​လျှပ်​စစ်​မီး​၊​ ​သောက်​သုံး​ရေ​နှင့်​ ​ဆက်​သွယ်​ရေး​ ပြတ်​တောက်​မှု​များ​ ​ကြုံ​နေ​ရ​ပြီး​ ​လူ​ ​၄၅၀၀၀​ ​မျှ​ကို​ အ​ရေး​ပေါ်​ ​ရွှေ့​ပြောင်း​ပေး​ထား​ရ​သည်​။​ အ​ဆို​ပါ​ ​ဒေ​သ​တွင်​ ​ရေ​ကြီး​မှု​ ​မ​ရှိ​သေး​သော်​လည်း​ ​ကုန်း​မြင့်​ဒေ​သ​တွင်​ ​နေ​ထိုင်​သူ​များ​အား​ ​မြေ​ပြို​မှု​များ​ ​ဖြစ်​လာ​နိုင်​ကြောင်း​ ​အ​ရေး​ပေါ်​ ​အ​ခြေ​အ​နေ​ ​သ​တိ​ပေး​ချက်​လည်း​ ​ထုတ်​ပြန်​ထား​သည်​။​

​တ​ရုတ်​နိုင်ငံ​တွင်​ ​ယ​ခု​နှစ်​အ​တွင်း​ ​ဆိုး​ဆိုး​ရွား​ရွား​ ​ရေ​ကြီး​မှု​များ​ ​ဖြစ်​ပေါ်​နေ​ခြင်း​ကြောင့်​ ​အ​နည်း​ဆုံး​ ​လူ​ပေါင်း​ ​၁၁၀၀​ ​မျှ​ ​သေ​ဆုံး​ခဲ့​ပြီး​ဖြစ်​သည်​။​ ​အိမ်​ပေါင်း​ ​၈၇၅၀၀၀​ ​ကျော်​ ​ပျက်​စီး​မှု​များ​ ​ဖြစ်​ပေါ်​ခဲ့​ပြီး​ ​လူ​ပေါင်း​ ​၉.​၆၁​ ​သန်း​သည်​ ​ဘေး​လွတ်​ရာ​ ​ရွှေ့​ပြောင်း​ခဲ့​ရ​သည်​။​ ​ဒေ​သ​ပေါင်း​ ​၂၈​ ​ခု​တွင်​ ​စိုက်​ခင်းဧ​က​ ​၂၂​ ​သန်း​ကျော်​ ​ပျက်​စီး​ခဲ့​ပြီး​ ​ဆုံး​ရှုံး​မှု​တန်​ဖိုး​ ​ဒေါ်​လာ​ဘီ​လျံ​နှင့်​ချီ​ ​မြင့်​တက်​ခဲ့​ကြောင်း​ ​သ​တင်း​ရ​ရှိ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here