ဥက္ကဋ္ဌ​ ဖြစ်​သူ​ကို​ ​ထုတ်​ပယ်​​ လိုက်​သည့်​ ပြည်ထောင်စု ကရင်​ အမျိုးသားများ​ အဖွဲ့ချုပ်​

alt

ပြည်ထောင်စု ကရင်​ အမျိုးသားများ​ အဖွဲ့ချုပ်​၏​ ဥက္ကဋ္ဌ​ ဦးစောမောင်ချောအား​ လူမှုရေး​ ပြဿနာများ​ ပေါ်ပေါက်​ ခဲ့သောကြောင့် ဟု​ဆို​ကာ​ ပါတီ​ ဗဟို​ အလုပ် အမှုဆောင်များက

ပါတီ​ ဥက္ကဋ္ဌ​ အား ရာထူးမှ​ ထုတ်ပယ်ကာ ဒုဥက္ကဋ္ဌ ဦးစောသန်းအောင်​အား​ ဥက္ကဋ္ဌသစ်​ အဖြစ် ရွေးချယ်​​ တင်မြှောက်​ လိုက်ကြောင်း သတင်း ရရှိသည်။

၂၀၁၀ ဩဂုတ် ရ ရက် မွန်းလွဲ ၁၂ နာရီတွင် ကျင်းပသည့် ပါတီရုံးချုပ်၌ ဗဟို​ အလုပ်အမှုဆောင် ၈ ယောက်၏ အစည်းအဝေး၌ ဆုံးဖြတ်ချက်လေးရပ်ဖြင့် ထုတ်ပယ်​ လိုက်ခြင်း​ ဖြစ်ကြောင်း ဥက္ကဋ္ဌ အသစ်ဖြစ်သော ဦးစောသန်းအောင်ထံမှ သိရှိရသည်။​​ အဆိုပါ ဆုံးဖြတ်ချက် လေးရပ်အား ဩဂုတ် ရ​ ရက် ရက်စွဲဖြင့် ထုတ်ပြန်သော​ ပါတီ​ ကြေညာချက်တွင် ဖော်ပြ ထားသည်။

အဆိုပါ ဖြစ်စဉ်များနှင့်​ ပါတီ၏ ဆုံးဖြတ်ချက်အား ပြည်ထောင်စု​ ရွေးကောက်ပွဲ​ ကော်မရှင်သို့ လိုအပ် သလို အရေးယူ​ ဆောင်ရွက်ပေးပါရန် ဩဂုတ် ၉ ရက်တွင် တင်ပြ ထား​ပြီး​ ဖြစ်ကြောင်း​ ပြည်ထောင်စု ကရင်​ အမျိုးသားများ​ အဖွဲ့ချုပ်​​ ပါတီ ဥက္ကဋ္ဌ သစ်​ ဦးစောသန်းအောင်​​ ထံမှ သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here