​ဗိုက်​ပူ​ခါး​တုတ်​သူ​များ​ ​အ​သေ​စော​နိုင်

alt

ဝမ်းဗိုက်နှင့် ခါး အရွယ်အစား တုတ်ခိုင် ကြီးထွား လာခြင်းသည် အသက်ကြီးပိုင်း အရွယ် များတွင် သေခြင်းနှင့် ပိုမို နီးကပ် စေသည့် အကြောင်း အရာ တစ်ခု ဖြစ်လာကြောင်း ဆရာဝန်များက သတိပေး ပြောကြား လိုက်သည်။

လွန်ခဲ့သော ၉ နှစ်တာ ကာလ အတွင်း အမေရိကန်တွင် ပြုလုပ်ခဲ့သည့် ဆေး သုတေသန လုပ်ငန်းများမှ လေ့လာတွေ့ရှိမှုများကို အခြေခံကာ ဆရာဝန်များက ယခုလို ပြောကြား ခဲ့ခြင်း ဖြစ်သည်။ ခါးနှင့်ဝမ်းဗိုက် အဝန်းအဝိုင်း ကြီးမား ကျယ်ပြော လာခြင်းကြောင့် ကလီစာများကို အကာအကွယ် ပေးထားသည့် တစ်သျှူးများကို အဆီပို လွန်ကဲကာ ပျက်စီး စေနိုင်ကြောင်း အမေရိကန် ကင်ဆာ သုတေသန ဌာနမှ ဒေါက်တာ အဲရစ်ဂျက် ကော့က ဆိုသည်။

ယင်းအခြေအနေသည် နှလုံးရောဂါ၊ ဆီးချိုရောဂါနှင့် ဖောရောင်ခြင်းများကို ဖြစ်ပေါ် စေတတ်ကြောင်း အသက် ၅၀ အထက် သက်ကြီးရွယ်အို တစ်သိန်းမျှ၏ ကျန်းမာရေး မှတ်တမ်းများကို လေ့လာ ပြီးနောက် ဒေါက်တာ အဲရစ်က အတည်ပြု ခဲ့ခြင်း ဖြစ်သည်။

သမားရိုးကျအားဖြင့် အမျိုးသားများတွင် ခါးအရွယ် လက်မ ၄၀ အထက်နှင့် အမျိုးသမီးများတွင် ခါးအရွယ် ၃၆ လက်မထက် ကြီးထွားပါက အလွန်အမင်း အဝလွန်သည်ဟု ယူဆ နိုင်ကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here