​ဘာ​လီ​ကျွန်း​ဗုံး​ခွဲ​တ​ရား​ခံ​ ​သူ​ရဲ​ကောင်း​အ​ဖြစ်​သို့​ရောက်

alt

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းတွင် ဗုံးခွဲခဲ့သူ တစ်ဦးသည် ဗီလိန်အဖြစ်မှ သူရဲကောင်း ဘဝသို့ ရောက်လာခဲ့သည်။ When the Conscience Speaks အမည်ရှိ စာအုပ်ကို ရေးသားခဲ့သည့်

အလီအီမရွန်သည် ၂၀၀၂ ခုနှစ်က အကြမ်းဖက်မှုကြီး အတွင်း ထောင်ဒဏ် တစ်သက် ချမှတ် ခံရမည့် အခြေအနေနှင့် ကြံုခဲ့ရသည်။

၎င်းသည် အစွန်းရောက် မွတ်ဆလင် ဝါဒကို အင်ဒို လူငယ်များ ကွဲကွဲ ပြားပြား ဆင်ခြင် သုံးသပ် နိုင်စေရန် ရည်ရွယ်ချက်ဖြင့် အဆိုပါ စာအုပ်ကို ကော်ပီ ၁၀၀၀၀ ထုတ်ဝေ ဖြန့်ချီ သွားမည် ဖြစ်သည်။ အလီသည် အစိုးရ ရှေ့နေများနှင့် ပူးပေါင်း ဆောင်ရွက်ရန် သဘောတူညီ ခဲ့ပြီးနောက် ထောင်ဒဏ် တစ်သက် ပြစ်ဒဏ်မှ လွတ်မြောက်ခွင့် ရခဲ့သည်။ အလီနှင့် အပေါင်းပါများ လက်ချက်ကြောင့် နိုင်ငံခြားသား အများစု အပါအဝင် လူပေါင်း ၂၀၂ ဦးတို့ သေဆုံးခဲ့ရသည်။ စာအုပ် အတွက် ထုတ်ဝေရေး တာဝန် ယူထားသည့် ဒါယာမာဒါယာရူသီက အလီ၏ စာအုပ်ပါ ဇာတ်ကောင်သည် လူငယ်များအား အစွန်းရောက် ဘာသာရေး အဖွဲ့များ၊ အကြမ်းဖက် သမားများနှင့် ဝေးကွာ စေမည် ဖြစ်သလို အလီသည်လည်း လူငယ်ထုကြား ရေပန်းစားသူ တစ်ဦး ဖြစ်လာ နိုင်ကြောင်း သုံးသပ်ခဲ့သည်။

အလီ၏ စာအုပ်တွင် အဓိကဇာတ်ကောင်နှစ်ကောင် ပါဝင်ပြီး ဗုံးခွဲမှုများ ဖြစ်ပေါ်အပြီး ကယ်ဆယ်ရေး လုပ်ငန်းများ စေတနာအလျောက် ဆောင်ရွက်ပေးခဲ့သည့် မွတ်ဆလင် လူငယ် ဘမ်ဘန်းအဂူ ပရီယန်တိုနှင့် သေဆုံးသူ တစ်ဦး၏ ကျန်ရစ်သူ မုဆိုးမ အီကာဟေယာတီတို့ ဖြစ်ကြသည်။ မိမိတို့အနေနှင့် ဘာလီဗုံးခွဲမှု၏ အဖြစ်မှန်များကို ကလေးငယ်များအား ပြောပြရန် တာဝန်ရှိနေကြောင်းလည်း ထုတ်ဝေသူ ရူသီက ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here