ခါး​သီး​စွာ​ ​ကွာ​ရှင်း ​ပြတ်​စဲ​ခဲ့​သည့်​ ​စင်​ကာ​ပူ​စုံ​တွဲ​ ဇာတ်​လမ်း

alt

စင်္ကာပူနိုင်ငံမှ စုံတွဲတစ်တွဲ၏ ကွာရှင်းပြတ်စဲမှုမှာ ခါးသီး လှပေသည်။ အမျိုးသမီးက သူမ၏ ခင်ပွန်း​ သည် သူမအား လိင်မှ ကူးစက်သည့် ရောဂါ တစ်မျိုး ရရှိ စေခဲ့ကြောင်း စွပ်စွဲခဲ့ပြီး အမျိုးသားကလည်း

အမျိုးသမီးမှာ ဖောက်ပြန်ကြောင်း၊ ၎င်း၏​ ကွယ်ရာတွင် ပြည့်တန်ဆာ အလုပ်ကိုပါ ကြားပေါက်​ အလုပ်အဖြစ် လုပ်ကိုင်​ နေကြောင်း ပြောဆို​ သွားသည်။

အမျိုးသားသည် ၎င်း၏ ဇနီးသည်၏ သရုပ်မှန်ကို သိရှိနိုင်ရန် အလွတ်တမ်း စုံထောက်​ တစ်ဦးကိုပါ ငှားရမ်း​ ခဲ့ကြောင်း သိရသည်။ ယင်း​ စုံထောက်သည် အမျိုးသမီးအား အခ​ ပေးပြီး ငှားရမ်းခဲ့ရာ အမျိုးသမီးက လိင်​ ဝန်ဆောင်မှုကို နှစ်ကြိမ်မျှ ပေးခဲ့ကြောင်း သိရသည်။ အသက် ၃၅ နှစ်​ အရွယ် အမျိုးသမီးသည် ပထမ​ တစ်ကြိမ်တွင် ဒေါ်လာ ၁၅၀ နှင့် ဒုတိယ​ တစ်ကြိမ်တွင် ဒေါ်လာ ၁၄၀ ဝန်ဆောင်ခ ယူခဲ့ကြောင်းလည်း အလွတ​ ်စုံထောက်ကဆိုသည်။ ထို့နောက် ချန်ဂီရှိ ဟိုတယ်​ တစ်ခုတွင် အမျိုးသမီးနှင့် စုံထောက်တို့၏ နှစ်ပါးသွား ဇာတ်လမ်းကို လျှို့ဝှက်​ ကင်မရာ တစ်လုံးဖြင့် မှတ်တမ်း​ တင်ထား​ ခဲ့ကြောင်း သိရသည်။

ခင်ပွန်းသည်​ ဖြစ်သည့် အသက် ၅၁ နှစ်အရွယ် ကုန်ပစ္စည်း​ ပို့သည့် မော်တော်ကား ဒရိုင်ဗာက ဇနီးသည်မှာ ၎င်းအား ဆိုးဆိုး​ ရွားရွား သစ္စာဖောက်ခဲ့ကြောင်း၊ ငွေကို မက်လှပြီး အခြား​ ယောက်ျားများကို ဖျော်ဖြေကာ ပိုက်ဆံ​ ရှာနေကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။ ယခုကိစ္စကြောင့် အမျိုးသမီး​ အနေနှင့် အရှက်ကွဲ​ ခဲ့သော်လည်း သူမ​ အတွက် အမှန်တကယ် ထိုက်တန်ကြောင်း ခင်ပွန်းသည်က ပြောဆို​ သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here