ဘ​ရာ​ဇီး​အ​ကျဥ်း​ထောင်​ တစ်​ခု​တွင်​ ​အ​ကျဥ်း​သား​က​ ​တံ​ခါး​မှူး​ ဖြစ်​နေ​ဟု​ဆို

alt

ဘရာဇီးနိုင်ငံ၊ ရီယိုဒီ ဂျနေရိုမြို့မှ အစိုးရရှေ့နေ ဂျော့မက်ဂနိုသည် မူးယစ်ဆေးဝါး ရောင်းဝယ်မှု တစ်ခု အတွက် ထောင်ကျနေသူ တစ်ဦးအား စစ်ချက် ယူရန် အတွက် ပိုလင်တာဒီ ကွယ်လ်မာဒို အကျဥ်းထောင်သို့ ရောက်ရှိလာရာ

အကျဥ်းသား တစ်ဦးက ၎င်းအား ထောင်ဂိတ်ဝတံခါး လာဖွင့်ပေးသဖြင့် အလွန် အံ့ဩသွားခဲ့သည်။

ထောင်ထဲတွင်လည်း အကျဥ်းသားများ အားလုံးသည် လွတ်လွတ်လပ်လပ် သွားလာ နေကြပြီး အချင်းချင်းလည်း ဆွေမျိုး မိတ်သင်္ဂဟများသဖွယ် ရင်းနှီးစွာ နှုတ်ဆက် ပြောဆိုနေကြောင်း ဂျော့ကဆိုသည်။ အဆိုပါ ထောင်၏ လှုပ်ရှား လည်ပတ်မှု အားလုံး လိုလိုကို ထောင်ဝါဒါများ အစား ထောင်သားများက တာဝန် ယူနေသည်။ ထို့အပြင် ထောင်ကျ အချို့သည် မိသားစုဝင်များနှင့် ဆက်သွယ်ကာ ထောင် အတွင်း အခွင့်ထူးခံ ကိစ္စများ ရယူ နေသည်ဟု ယူဆ ရကြောင်း ဂျော့က ပြောကြား ခဲ့သည်။ အဆိုပါ ကိစ္စ အတွက် စုံစမ်းမှုများ ပြုလုပ်ရန်လည်း ၎င်းက တိုက်တွန်း လိုက်သည်။ ရီယိုမြို့ရှိ ခိုးဆိုး လုယက် နေသည့် လူဆိုး လူမိုက်များအား အကျဥ်းချ ထားသည့် ထောင်သည် ထောင်နှင့်ပင် မတူကြောင်း ၎င်းက ဆက်လက် ဝေဖန်ခဲ့သေးသည်။ အဆိုပါထောင်တွင် အကျဥ်းချခံရသူသည် ရီရယ်ငွေ ၃၀၀ဝ မျှကို ထောင်ဝန်ထမ်းများ အား ပေးကမ်းပါက အထူး အခွင့်အရေးများ ရရှိနေကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

စုံစမ်းမှုများ ပြုလုပ်ခဲ့ပြီး ထောင်ဝါဒါများ၏ အခန်းများကို စစ်ဆေးခဲ့ရာ သေနတ်တစ်လက်၊ ကျည်ကတ်များ၊ မိုဘိုင်းဖုန်းများနှင့် ထောင်သားများ၏ မိသားစုများထံမှဟု ယူဆရသည့် ငွေကြေးများကို လက်ခံထားသော Account များကို တွေ့ရှိခဲ့ရသည်။ ယခုအခါ ထောင်စောင့် တစ်ဦးနှင့် ထောင်ဝါဒါ တစ်ဦးကို ထိန်းသိမ်း ထားပြီဟု ဆိုသည်။ ပိုလင်တာဒီ ကွယ်လ်မာဒို အကျဥ်းထောင်သည် လူသတ်မှု၊ မုဒိမ်းမှု၊ လိမ်လည်မှုစသည်တို့ ကျူးလွန်ခဲ့ပြီး ပြစ်ဒဏ် စီရင်မှုကို စောင့်ဆိုင်းနေရသူ အကျဥ်းသား ၁၇၀ ကျော်ကို ထိန်းသိမ်း ထားကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here