တောင်​ကို​ရီး​ယားငါး​ဖမ်း​လှေ​တစ်​စင်း​အား​ ​မြောက်​ကို​ရီး​ယား​ ဖမ်း​ဆီး

alt

နှစ်​နိုင်ငံ​ ​တင်း​မာ​မှု​များ​ ​မြင့်​တက်​နေ​ချိန်​တွင်​ ​မြောက်​ကို​ရီး​ယား​သည်​ ဩ​ဂုတ်​လ​ ​၈​ ​ရက်​နေ့​က​ ​တောင်​ကို​ရီး​ယား​ ငါး​ဖမ်း​လှေ​တစ်​စင်း​အား​ ​ဖမ်း​ဆီး​လိုက်​ကြောင်း​ ​သိ​ရ​သည်​။​

​ကို​ရီး​ယား​ကျွန်း​ဆွယ်​ ​အ​ရှေ့​ဖက်​ ​အ​ငြင်း​ပွား​ဖွယ်​ ​နယ်​နိ​မိတ်​ ​ရေ​ပြင်​တွင်​ ​ဖမ်း​ဆီး​ခံ​ရ​သည့်​ ​တောင်​ကို​ရီး​ယား​ ငါး​ဖမ်း​လှေ​သည်​ ​မိ​မိ​တို့​ ​ရေ​ပိုင်​နက်​အ​တွင်း​ ​ကျူး​ကျော်​ခဲ့​ကြောင်း​ ​မြောက်​ကို​ရီး​ယား​က​ ​စွပ်​စွဲ​ခဲ့​သည်​။​​မြောက်​ကို​ရီး​ယား​ ​ကမ်း​ခြေ​စောင့်​တပ်​သည်​ ​တောင်​ကို​ရီး​ယား​ ​၄​ ဦး​နှင့်​ ​တ​ရုတ်​လူ​မျိုး​ ​၃​ ဦး​တို့​ ​လိုက်​ပါ​လာ​သော​ ငါး​ဖမ်း​လှေ​အား​ ​တား​မြစ်​ဖမ်း​ဆီး​ခဲ့​ပြီး​နောက်​ ​မြောက်​ကို​ရီး​ယား​ ​အ​ရှေ့​ပိုင်း​ရှိ​ ​ဆွန်​ဂျင်​ဆိပ်​ကမ်း​သို့​ ဦး​တည်​ခုတ်​မောင်း​သွား​သည်​ဟု​ ​ယူ​ဆ​ရ​ကြောင်း​ ​တောင်​ကို​ရီး​ယား​ ​ရေ​တပ်​က​ဆို​သည်​။

​ ​၄၁​ ​တန်​ ​အ​လေး​ချိန်​ရှိ​သည့်​ ငါး​ဖမ်း​သ​င်္ဘော​အား​ ​ဖမ်း​ဆီး​သွား​သည့်​ ​အ​ကြောင်း​ရ​ရင်း​နှင့်​ ​ပတ်​သက်​ပြီး​ ​တ​စုံ​တ​ရာ​ ​မ​သိ​ရ​သေး​ဟု​လည်း​ ​တောင်​ကို​ရီး​ယား​က​ ​ကြေ​ညာ​ခဲ့​သည်​။​ ​ယင်း​သ​င်္ဘော​သည်​ ဩ​ဂုတ်​လ​ ​၁​ ​ရက်​နေ့​က​ ​တောင်​ကို​ရီး​ယား​ ​အ​ရှေ့​တောင်​ဖက်​ ​ပို​ဟန်​ဆိပ်​ကမ်း​မှ​ ​ထွ​က်​ခွာ​သွား​ပြီး​ ​စက်​တင်​ဘာ​လ​တွင်​ ​ကမ်း​ပြန်​ကပ်​ရန်​ ​စီ​စဥ်​ထား​ခြင်း​ဖြစ်​သည်​။​ ​တောင်​ကို​ရီး​ယား​က​ ငါး​ဖမ်း​လှေ​နှင့်​ ​သ​င်္ဘော​သား​များ​ကို​ ​ချက်​ချင်း​ပြန်​လွှတ်​ပေး​ရန်​ ​တောင်း​ဆို​ထား​သော်​လည်း​ ​မြောက်​ပိုင်း​ကွန်​မြူ​နစ်​ ​နိုင်ငံ​က​ ​တ​စုံ​တ​ရာ​ ​မ​တုန့်​ပြန်​ခဲ့​ချေ​။

​ ​တောင်​ကို​ရီး​ယား​ ​ရေ​တပ်​သည်​ ​မတ်​လ​ကုန်​က​ ​နစ်​မြုပ်​ခဲ့​သည့်​ ​စစ်​သ​င်္ဘော​ ​ကိ​စ္စ​နှင့်​ ​ပတ်​သက်​ပြီး​ ​ရေငုပ်​သ​င်္ဘော​ဖျက်​ ​နည်း​စ​နစ်​များ​ကို​ ​အ​သား​ပေး​သည့်​ ​ရေ​တပ်​စစ်​ရေး​လေ့​ကျင့်​မှု​များ​ ​အ​ပြင်း​အ​ထန်​ ​ပြု​လုပ်​နေ​ပြီး​ ​ထို​ကိ​စ္စ​နှင့်​ ​ပတ်​သက်​ကာ​ ​မြောက်​ကို​ရီး​ယား​က​ ​ရန်​စ​မှု​အ​ဖြစ်​ ​ရှု​မြင်​ကြောင်း​ ​ပြော​ကြား​ထား​သည်​။​

​မတ်​လ​ ​၂၆​ ​ရက်​နေ့​က​ ​တောင်​ကို​ရီး​ယား​ ​စစ်​သ​င်္ဘော​ Cheonan​သည်​ ​မြောက်​ကို​ရီး​ယား​ ​ရေငုပ်​သ​င်္ဘော​ ​တစ်​စင်း​မှ​ ​ပစ်​လွှတ်​ခဲ့​သည်​ဟု​ ​ယူ​ဆ​ရ​သည့်​ ​တော်​ပီ​ဒို​ထိ​မှန်​က​ ​နစ်​မြုပ်​ခဲ့​ပြီး​ ​ရေ​တပ်​သား​ ​၄၆​ ဦး​ ​သေဆုံး​ခဲ့​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here