အ​သက်​၂၀​​ အ​ရွယ်​​ ကဲ့​သို့​ ​​ခ​န္ဓာ​ကိုယ်​​ ​တင်း​ရင်း​​ ကျစ်​လစ်​မှု​ ​မ​ရှိ​တော့​ဟု​ ​ကယ်​လီ​ဘ​ရွတ်​​ ပြော​

alt

ကယ်​လီ​ဘ​ရွတ်​က​ ​သူ​မ​၏​ ​ခ​န္ဓာ​ကိုယ်​သည်​ ​အ​သက်​ ​၂၀​ ​အ​ရွယ်​က​ကဲ့​သို့​ ​တင်း​တင်း​ရင်း​ရင်း​ ​ကျစ်​ကျစ်​လျစ်​လျစ်​ ​မ​ရှိ​တော့​ဟု​ ​ဝန်​ခံ​ပြော​ကြား​လိုက်​သည်​။​

​သို့​သော်​လည်း​ ​သူ​မ​အ​နေ​နှင့်​ ​မိ​မိ​၏​ ​အ​လှ​အ​တွက်​ ​အ​ပြည့်​အ​၀​ ​ယုံ​ကြည်​မှု​ ​ရှိ​နေ​ဆဲ​ဟု​ ​နာ​မည်​ကျော်​ ​ဗြိ​တိ​သျှ​ ​မော်​ဒယ်​က​ Playboy​ ​မ​ဂ္ဂ​ဇင်း​သို့​ ​ပြော​ကြား​ခဲ့​သည်​။​ ​ကာ​လ​သား​ကြိုက်​ မ​ဂ္ဂ​ဇင်း​ကြီး​၏​ ​မျက်​နှာ​ဖုံး​တွင်​ ​စိတ်​လှုပ်​ရှား​ဖွယ်​ ​ပုံ​ရိပ်​ဖြင့်​ ​ဓာတ်​ပုံ​အ​ရိုက်​ခံ​ထား​သည့်​ ​ကယ်​လီ​က​ ​သူ​မ​၏​ ​ရင်​သား​များ​သည်​ ​လှ​ပ​ကျော့​ရှင်း​နေ​ဆဲ​ဖြစ်​ကြောင်း​၊​ ​သို့​သော်​လည်း​ ​လွန်​ခဲ့​သည့်​ ​ဆယ်​နှစ်​က​လို​ ​တင်း​ရင်း​မှု​တော့​ ​လျော့​နည်း​နေ​ပြီ​ဖြစ်​ကြောင်း​ ​ပြော​ဆို​သွား​သည်​။​ ​

အ​သက်​ ​၃၀​ ​အ​ရွယ်​ ​ကယ်​လီ​က​ ​သူ​မ​သည်​ Playboy​အ​တွက်​ ​မျက်​နှာ​ဖုံး​ဓာတ်​ပုံ​ ​အ​ရိုက်​ခံ​ရာ​တွင်​ ​အ​နည်းငယ်​ ​စိတ်​မ​သက်​မ​သာ​ ​ဖြစ်​မိ​ကြောင်း​၊​ ​ကျန်​အ​မျိုး​သ​မီးငယ်​များ​သည်​ ​သူ​မ​ထက်​ ​ပို​မို​ပြီး​ပြည့်​စုံ​နေ​သည်​ဟု​ ​ခံ​စား​မိ​ကြောင်း​ ​ဝန်​ခံ​ခဲ့​သည်​။​ ​ကယ်​လီ၏​ ​ဓာတ်​ပုံ​များ​ကို​ ​ဘ​ရစ်​တ​နီ​စ​ပီး​ယား​၊​ ​ရီ​ဟာ​နာ​၊​ ​ဂျ​နက်​ဂျက်​ဆင်​၊​ ​က​လော်​ဒီ​ယာ​ရှက်​ဖား​တို့​၏​ ​လက်​စွဲ​တော်​ ​ဓာတ်​ပုံ​ဆ​ရာ​ အယ်​ဗန်​ဗွန်​အန်​ဝက်​က​ ​လက်​စွမ်း​ပြ​ ​ရိုက်​ကူး​ပေး​ထား​ခြင်း​ဖြစ်​သည်​။​

ကယ်​လီ​သည်​ ​မ​ကြာ​မီ​ ​ရုံ​တင်​ရန်​ ​စီ​စဥ်​ထား​သော​ ​သည်း​ထိတ်​ရင်​ဖို​ဇာတ်​ကား​ Piranha:​ 3D​ ​တွင်​လည်း​ ​ပါ​၀င်​သ​ရုပ်​ဆောင်​ထား​သည်​။​ ​အ​ဆို​ပါ​ ဇာတ်​ကား​သည်​ ​ကြောက်​မက်​ဖွယ်​ ​ကောင်း​လှ​သည့်​ ​လူ​သား​စားငါး​များ​၏​ ​အ​န္တ​ရာယ်​ကို​ စိတ်​ကူး​ယဥ်​ဖော်​ကျူး​ထား​ခြင်း​ဖြစ်​ကြောင်း​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here