​ယူ​အေး​အီး​ရောက်​ ​ဗြိ​တိန်​အ​မျိုး​သ​မီး​ ​ရေ​ကူးဝတ်​စုံ​ဖြင့်​ ​အ​ဖမ်း​ခံ​ရ

alt

UAE​ နိုင်ငံသို့ ရောက်ရှိနေသည့် ဗြိတိန်နိုင်ငံသူ အမျိုးသမီး တစ်ဦးသည် ရေကူးဝတ်စုံ ဝတ်မှုဖြင့် အဖမ်းခံလိုက်ရကြောင်း သိရှိရသည်။ သူမသည် Mall​ တစ်ခုအတွင်း

ရေကူးဝတ်စုံဖြင့် လမ်းလျှောက်လာစဥ် အဖမ်းခံရပြီး အများပြည်သူရှေ့ မလျော်မကန် ပြုမူမှုအတွက် စွဲချက်တင်ခံထားရသည်။

Daily Mail သတင်းဌာနက အဆိုပါ အမျိုးသမီး၏ အမည်ကို ထုတ်ဖော်ကြေညာခြင်း မရှိချေ။ သူမသည် ဩဂုတ်လ ၄ ရက်နေ့ ဒူဘိုင်းရှိ Mall တစ်ခုတွင် လမ်းလျှောက်နေစဥ် အာရပ်အမျိုးသမီး တစ်ဦးက အနီးသို့ ရောက်လာကာ သူမ၏ အဝတ်အစားကို ဝေဖန်ပြစ်တင်ခဲ့သည်။ ထို့နောက်တွင်တော့ အမျိုးသမီးနှစ်ဦး စကားများကြပြီး ဗြိတိန်မှ အမျိုးသမီးက အရွဲ့တိုက်ကာ သူမ၏ ရေကူးဝတ်စုံကို လှပ်ပြလိုက်ကြောင်း သိရသည်။ ထိုကိစ္စကြောင့် Mallမှ လုံခြံုရေး တာဝန်ခံများက အမျိုးသမီးအား ဖမ်းဆီးကာ ရဲအား တိုင်ကြားခဲ့သည်။

ကမ္ဘာလှည့် ခရီးသည် တစ်ဦးဖြစ်သည့် အဆိုပါ အမျိုးသမီးအား ဒူဘိုင်းရဲစခန်းသို့ ခေါ်ဆောင်သွားပြီး စွဲချက်တင်မှုများ ပြုလုပ်နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here