​လေ​ပြွန်​ကင်​ဆာ​ကို​ ​ပင်​မ​ဆဲလ်​​ ကု​ထုံး​ဖြင့်​ ​အောင်​မြင်​စွာ​ ​အ​စား​ထိုး​​ ကု​သ​ ​နိုင်​ပြီ

alt

ဗြိ​တိန်​နိုင်ငံ​မှ​ ​ဆယ်​ကျော်​သက်​ ​အ​မျိုး​သ​မီး​လေး​ ​တစ်ဦး​သည်​ ​အီ​တ​လီ​နိုင်ငံ​တွင်​ သူ​မ​၏​ ​လေ​ပြွန်​ကင်​ဆာ​ကို​ ​ပင်​မ​ဆဲလ်​ ​ကု​ထုံး​ဖြင့်​ ​အောင်​မြင်​စွာ​ ​အ​စား​ထိုး​ ​ကု​သ​ခွင့်​ ​ရ​ရှိ​သော​ ​ပ​ထ​မ​ဆုံး​လူနာ​ ​ဖြစ်​လာ​ခဲ့​သည်​။​

​အ​သက်​ ​၁၉​ ​နှစ်​အ​ရွယ်​ ​အ​မည်​မ​ဖော်​ပြ​သူ​ ​အ​မျိုး​သ​မီး​လေး​၏​ ​ကင်​ဆာ​မြစ်​များ​ ​ပျံ့​နှံ့​နေ​သည့်​ ​လေ​ပြွန်​ကို​ ​ခွဲ​စိတ်​ဖယ်​ရှား​ကာ​ ​သူ​မ​၏​ ​နှာ​ခေါင်း​နှင့်​ ရိုး​တွင်း​ချဥ်​စီ​မှ​ ​ထုတ်​ယူ​ထား​သည့်​ ​ပင်​မ​ဆဲလ်​များ​ဖြင့်​ ​အ​စား​ထိုး​ ​ကု​သ​ပေး​ခဲ့​ခြင်း​ဖြစ်​ကြောင်း​ ​ဆ​ရာ​ဝန်​များ​က​ဆို​သည်​။​ ​ပြီး​ခဲ့​သည့်​လ​က​ ​ပြု​လုပ်​ခဲ့​သော​ ​ခွဲ​စိတ်​ကု​သ​မှု​ ​နောက်​ပိုင်း​တွင်​ ​သူ​မ​၏​ ​အ​စား​ထိုး​ ​တစ်​သျှူး​များ​ ​ကောင်း​မွန်​စွာ​ ​အ​လုပ်​လုပ်​ပြီး​ ​လုပ်ငန်း​ဆောင်​တာ​များ​ ​အောင်​မြင်​စွာ​ ​လုပ်​ဆောင်​နေ​ကြောင်း​ ​အီ​တ​လီ​နိုင်ငံ​၊​ ​ဖ​လော​ရင့်​မြို့​ရှိ​ AOU​ ​ကာ​ဂီ​ဆေး​ရုံ​မှ​ ​ဒေါက်​တာ​ ​ဝေါ်​တာ​ဂျီ​အို​ဗန်​နီ​နီ​က​ ​ခွဲ​စိတ်​မှု​ ​ပြု​လုပ်​ပြီး​ ​၃​ ​နာ​ရီ​ကျော်​တွင်​ပင်​ ​အ​ဆို​ပါ​ ​မိန်း​က​လေး​သည်​ ​စ​ကား​ပြော​ဆို​နိုင်​ခဲ့​ကြောင်း​ ​အ​တည်​ပြု​ခဲ့​သည်​။​ ​ဆ​ရာ​ဝန်​များ​သည်​ ​ချက်​ကို​ဆ​လို​ဗက်​ကီး​ယား​မှ​ ​အ​သက်​ ​၃၁​ ​နှစ်​အ​ရွယ်​ ​အ​လား​တူ​ ​လူ​နာ​တစ်ဦး​ကို​လည်း​ ​တူ​ညီ​သော​ ​နည်း​လမ်း​ဖြင့်​ ​ကု​သ​ပေး​ရန်​ ​စီ​စဥ်​နေ​သည်​။​ ​ဒေါက်​တာ​ ​ဂျီ​အို​ဗန်​နီ​နီ​က​ ​ယ​ခု​ကု​သ​မှု​သည်​ ​အ​သက်​အ​န္တ​ရာယ်​ ​စိုး​ရိမ်​ရ​လောက်​သော​ ​လူ​နာ​များ​အ​တွက်​ ​အ​သင့်​တော်​ဆုံး​ ​ကု​ထုံး​တစ်​ခု​ ​ဖြစ်​လာ​ကြောင်း​ ​သုံး​သပ်​ပြော​ကြား​ခဲ့​သည်​။​

​က​မ္ဘာ့​နိုင်ငံ​ ​အ​သီး​သီး​မှ​ ​ဆ​ရာ​ဝန်​များ​သည်​ ​ပင်​မ​ဆဲလ်​ နည်း​ပ​ညာ​ကို​ ​အ​သုံး​ပြု​ကာ​ ​အ​မျိုး​မျိုး​သော​ ​ရော​ဂါ​များ​ကို​ ​ကု​သ​နိုင်​မည့်​ ​နည်း​လမ်း​များ​ကို​ ​စမ်း​သပ်​နေ​ဆဲ​ဖြစ်​သည်​။​ ​ပြီး​ခဲ့​သည့်​ ​၂​ ​နှစ်​က​ ​ပင်​မ​ဆဲလ်​ဖြင့်​ ​လေ​ပြွန်​အ​စား​ထိုး​ ​ကု​သ​မှု​ကို​ ​စ​ပိန်​တွင်​ ​စမ်း​သပ်​ခဲ့​သေး​သော်​လည်း​ ​အောင်​မြင်​မှု​ မ​ရ​ရှိ​ခဲ့​ဟု​ ​သိ​ရှိ​ရ​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here