အ​မှောင့်​ပ​ယော​ဂ​ ​ပူး​ကပ်​​ နေ​သည်​ဟု​ထင်​ကာ​ ​ဖယ်​ရှား​ရန်​​ ကြိုး​ပမ်း​ရင်း​ ​သေ​ဆုံး​သွား

alt

အ​သက်​ ​၅၈​ ​နှစ်​အ​ရွယ်​ ​အ​မျိုး​သ​မီး​တစ်ဦး​သည်​ မိ​မိ​ကိုယ်​ကိုယ်​ ​အ​မှောင့်​ပ​ယော​ဂ​ ​ပူး​ကပ်​နေ​သည်​ဟု​ ​ပြော​ဆို​ကာ​ ​ယင်း​ကို​ဖယ်​ရှား​ရန်​ ​ကြိုး​စား​ရင်း​ ​ထူး​ဆန်း​စွာ​ ​သေ​ဆုံး​သွား​ကြောင်း​ ​သိ​ရ​သည်​။​

​ဟောင်​ကောင်​တွင်​ ​နေ​ထိုင်​သည့်​ ​အ​နှိပ်​သည်​ ​ပွန်​ဝေ​ဟွန်း​သည်​ ​သူ​မ​၏​အိမ်​ ဧည့်​ခန်း​အ​တွင်း​ ​အ​ဝတ်​အ​စား​မ​ပါ​ဘဲ​ လဲ​ကျ​သေ​ဆုံး​လျက်​ရှိ​သည်​ကို​ ​ညီ​မ​ဖြစ်​သူ​က​ ​တွေ့​ရှိ​ခဲ့​သည်​။​ ​သူ​မ​အ​နီး​တွင်​ ​ရိုး​ရာ​နတ်​အ​စီ​အ​ရင်​များ​ကို​လည်း​ ​တွေ့​ရှိ​ရ​သည်​။​ ဧည့်​ခန်း​၏​ ​ထောင့်​လေး​ထောင့်​တွင်​ ​ဖ​ယောင်း​တိုင်များ​ ​ထွန်း​ထား​သ​လို​ ​ကြမ်း​ပြင်​အ​နှံ့​တွင်​လည်း​ ​အ​ဆောင်​အ​ယောင်​ ​အ​စီ​အ​ရင်​များ​ ​ရေး​သား​ထား​သည့်​ ​စာ​ရွက်​များ​ ​ပြန့်​ကြဲ​လျက်​ရှိ​ကြောင်း​ ​ရဲ​များ​က​ဆို​သည်​။​ ​ပွန်​သည်​ ​လွန်​ခဲ့​သော​ ​နှစ်​လ​က​ ​သူ​မ​၏​ ​ညီ​မ​အား​ ​မိ​မိ​၏​ ​နှ​လုံး​ခုန်​သံ​ ​ပုံ​မှန်​မ​ဟုတ်​ကြောင်း​၊​ ​မိ​မိ​တွင်​ ​မ​ကောင်း​ဆိုး​ရွား​ဝိဉာဥ်​ ​စွဲ​ကပ်​နှောင့်​ယှက်​နေ​ကြောင်း​ ​ပြော​ကြား​ခဲ့​ဖူး​သည်​။​

​ပြီး​ခဲ့သည့်​ ​သီ​တင်း​ပါတ်​က​ ​အ​ကြောင်း​ရင်း​ ​တိ​တိ​ကျ​ကျ​ ​မ​သိ​ရ​ဘဲ​ ​သေ​ဆုံး​နေ​သည့်​ ​ပွန်​သည်​ ​နတ်​ဆ​ရာ​ ​တစ်ဦး​ထံ​မှ​ ပ​ယော​ဂ​ထုတ်​ပယ်​သည့်​ ​ပ​ညာ​ကို​ ​သင်​ယူ​ခဲ့​ကြောင်း​လည်း​ ​ညီ​မ​ဖြစ်​သူ​က​ဆို​သည်​။​ ​ဇူ​လိုင်​လ​ ​၃၁​ ​ရက်​နေ့​က​မူ​ သူ​မ​၏​ ​ဝတ်​လစ်​စ​လစ်​ ​ရုပ်​အ​လောင်း​အား​ ​ယင်း​ညီ​မ​က​ ​တွေ့​ရှိ​ခဲ့​ခြင်း​ဖြစ်​သည်​။​ ​ရဲ​များ​က​ ​ပွန်​သေ​ဆုံး​မှု​ ​အ​ကြောင်း​ရင်း​ကို​ ​ရင်​ခွဲ​စစ်​ဆေး​ပြီး​ ​သိ​ရှိ​နိုင်​မည်​ဟု​ ​မျှော်​လင့်လျက်​ရှိ​သည်​။​

LEAVE A REPLY

Please enter your comment!
Please enter your name here