မိုက်​ကယ်​ဂျက်​ဆင်​၏​ ​အယ်​ဘမ်​ထုတ်​ဝေ​ရန်​ ​စီ​စဥ်​နေ​ခြင်း​အား​ Will.i.am​ ​ဝေ​ဖန်

alt

Black Eyed Peas​ အဖွဲ့ဝင် အဆိုတော် Will.i.am​ က မိုက်ကယ် ဂျက်ဆင်၏ အယ်ဘမ်သစ် တစ်ခု ထုတ်ဝေရန် စီစဥ် နေခြင်းအား ပြင်းပြင်း ထန်ထန် ဝေဖန် လိုက်သည်။

ယခု ကိစ္စသည် ဂျက်ဆင်အား ဂုဏ်ပြုရာ မရောက်ဘဲ အမြတ်ထုတ်ခြင်းဟုသာ ယူဆကြောင်း Will.i.am က ဆိုသည်။ ၎င်းက မိမိသည် ဂျက်ဆင်နှင့် အတူ အလုပ်တွဲ လုပ်ဖူးသလို ပြီးခဲ့သည့်နှစ် ဇွန်လက ကွယ်လွန်ခဲ့သည့် ကမ္ဘာကျော် Pop အဆိုတော်ကြီး၏ မိတ်ဆွေ တစ်ဦးလည်း ဖြစ်ကြောင်း၊ ယခု နှစ်ကုန်ပိုင်းတွင် ဂျက်ဆင်၏ အယ်ဘမ်သစ် တစ်ခု ထုတ်ဝေမည် ဆိုသော လုပ်ရပ်သည် အလွန် စိတ်ပျက် စရာကောင်းကြောင်း ပြောကြားခဲ့သည်။ Wiill.i.amက ဂျက်ဆင်ကို ချစ်ခင်သော ပရိသတ်များသည် ၎င်း သီဆိုခဲ့သော သီချင်းများကို အမှတ်တရ သိမ်းဆည်းထားပြီး ဖြစ်ကြောင်း၊ ယင်းတို့ကိုပင် နောက်တစ်ကြိမ် အသုံးပြုကာ အယ်ဘမ်သစ် ထုတ်ဝေမည် ဆိုသော ကိစ္စမှာ ဂျက်ဆင်၏ ကျော်ကြားမှုကို အသုံးချ ကိုယ်ကျိုးရှာခြင်း ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့သည်။

ဂျက်ဆင်၏ သီချင်းများကို စုစည်းကာ အယ်ဘမ်သစ် ဖြန့်ချီသွားရန်အတွက် ဂျက်ဆင်၏ ယခင်မန်နေဂျာဟောင်းနှင့် ဂျက်ဆင်၏ ညီအစ်ကိုများက စီစဥ်နေသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။ ဂျက်ဆင်၏ မန်နေဂျာဟောင်း ဂျွန်မက်ကလိန်းသည် အယ်ဘမ်သစ်အား ဂျက်ဆင်၏ ညီအစ်ကိုများဖြစ်သည့် ဂျက်ကီနှင့် မာလွန်တို့၏ ခွင့်ပြုချက်ကို ရယူကာ ဖြန့်ချီမည်ဟု ပြောကြားထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here