ဆယ်​ကျော်​သက်​များ​ ​လိင်​ဆက်​ဆံ​မှု​ အ​တွက်​ ​မ​လေး​ရှား​ အ​စိုး​ရ​ ​စီ​မံ​ကိန်း​တစ်​ခု​ ​စီ​စဥ်​ထား

alt

မလေးရှား နိုင်ငံမှ ထင်ရှားသော အာဏာပိုင် အကြီးအကဲ တစ်ခုက ဆယ်ကျော်သက် အရွယ်များ အနေနှင့် လိင် ဆက်ဆံ ချင်ပါက ဦးစွာ လက်ထပ်ရန် ဆွဲဆောင် နိုင်မည့် စီမံကိန်း တစ်ခုကို စီစဥ် ထားကြောင်း အတည်ပြုခဲ့သည်။

မလက်ကာ အကြီးအကဲ ဝန်ကြီး ဖြစ်သူ ဒါတက်ဆာရီ မိုအယ်ရူစတမ်က မလိုချင်သော ကိုယ်ဝန်မှ မွေးဖွားလာသည့် ကလေးများကို ငယ်ရွယ်သည့် မိန်းကလေးများက စွန့်ပစ်နေသည့် ကိစ္စမျိုးကို လျော့နည်း သွားစေရန် ရည်ရွယ်ချက်ဖြင့် အိမ်ထောင်ပြုသော ဆယ်ကျော်သက်များကို ငွေကြေး အကူအညီ ပေးသွားမည်ဟု ပြောကြားခဲ့သည်။ မွတ်ဆလင် ဘာသာဝင်များကို အပျိုဖော်၊ လူပျိုဖော် ဝင်စအရွယ်တွင်ပင် ထိမ်းမြားလက်ထပ်ခွင့်ကို မလေးရှားတွင် အတည်ပြုထားပေးပြီး ရှာရီယာ ဘာသာရေးနှင့် အညီ မိဘခွင့်ပြုချက် လိုအပ်ကြောင်း သိရသည်။ မွတ်ဆလင် မဟုတ်သူများကမူ အမျိုးသမီးများအနေနှင့် အနည်းဆုံး ၁၆ နှစ်နှင့် အမျိုးသားများက အသက် ၁၈ နှစ်ရှိမှသာ အိမ်ထောင်ပြုခွင့်ရှိသည်။ မလေးရှားတွင် အသက်မပြည့်ဘဲ လက်ထပ်မှုမျိုး ပြုလုပ်မှု သိပ်မရှိသော်လည်း အာဏာပိုင်များက လူငယ်လူရွယ်များသည် လက်မထပ်ဘဲ လိင်ဆက်ဆံမှု ထူပြောလာခြင်းအတွက် စိုးရိမ်လျက်ရှိသည်။

အခြားသူများကဲ့သို့ မွတ်ဆလင် အမျိုးသမီးများလည်း လိင်သာယာမှုကို လိုအပ်မည့် အချက်အား မိမိသဘောပေါက်ကြောင်း ရူစတမ်ကဆိုသည်။ ထို့ကြောင့် မွတ်ဆလင် အမျိုးသမီးများအား လက်ထပ်ပြီးမှ လိင်ဆက်ဆံအောင် ဆွဲဆောင်သည့် အနေနှင့် ရင်းဂစ်ငွေ ၅၀၀ စီ ထောက်ပံ့သွားမည်ဟု ရူစတမ်က ပြောကြားခဲ့သည်။ ၎င်းက အချို့သော မိဘများသည် မိမိတို့၏ သမီးများ ခိုးကြောင်ခိုးဝှက် လိင်ဆက်ဆံမှု ပြုလုပ်နေကြောင်း သိရှိပါက အိမ်မှနှင်ချခြင်းကြောင့် မွတ်ဆလင် မိန်းကလေးများ ပြည့်တန်ဆာဘဝ ရောက်သွားခြင်းမျိုးလည်း ရှိနေကြောင်း သတိပေး ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here