တော​မီး​လောင်​နေ​သည့်​ ​ရု​ရှား​နိုင်ငံ​ ​နေ​ရာ​ဒေ​သ​မှ​ ​လက်​နက်​များ​ပြောင်း​ရွှေ့​နေ​ရ

alt

ရုရှားနိုင်ငံ အလယ်ပိုင်းတွင် ပျံ့နှံ့ လောင်ကျွမ်းနေသည့် တောမီးကြောင့် အဆိုပါ ဒေသများရှိ စစ်တပ်များမှ လက်နက်များကို ရွှေ့ပြောင်းမှု ပြုလုပ်နေရကြောင်း သိရသည်။

ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် တစ်ဦးက လက်နက်များ၊ အဝေးပစ် လက်နက်ကြီးများနှင့် ဒုံးကျည် ထိပ်ဖူးများကို မီးဘေး လွတ်ကင်းရာ မြို့များသို့ ပြောင်းရွှေ့ ထားရကြောင်း အတည်ပြုခဲ့သည်။ မော်စကိုမှ အနောက်တောင်ဖက် ကီလိုမီတာ ရ၀ ရှိ နာရိုဖောမင့်အနီး အလာဘင်နစ်ထိ လက်နက်များကို သော်ဆောင် လာရကြောင်း သိရသည်။ သို့သော်လည်း လက်နက်များ မည်သည့်ပမာဏထိ ပြောင်းရွှေ့ပြီး စစ်သည် အင်အား မည်မျှထိ အသုံးပြု ခဲ့ကြောင်းကိုမူ တိတိကျကျ မသိရသေးချေ။

ရုရှား အာဏာပိုင်များက ဆာရော့ရှိ နျူကလီးယား စက်ရုံမှ လောင်စာပစ္စည်းများကိုလည်း ရွှေ့ပြောင်းထားကြောင်း ပြောကြား ခဲ့သည်။ ရုရှား မီဒီယာများက မီးကူးစက် ပျံ့နှံ့မှုများသည် ရေတပ်မှ လေယာဥ်ကွင်း တစ်ခုသို့ပါ ရောက်ရှိခဲ့ပြီး လေယာဥ်အစင်း ၂၀၀ ကျော် မီးလောင် ပျက်စီး ခဲ့သည်ဟုလည်း ဖော်ပြထားသည်။ ယခုအခါ မီးကူးစက် ပျံ့နှံ့မှုသည် နေရာပေါင်း ၃၀၀ ကျော်သို့ ရောက်ရှိနေပြီး သေဆုံးသူ အရေအတွက်မှာလည်း အနည်းဆုံး ၅၀ မျှ ရှိလာပြီဟုဆိုသည်။ မီးသတ်ဌာနက မီးအား ငြှိမ်းသတ်နိုင်ရန် အားထုတ် ကြိုးပမ်းမှုတွင် ဒေသခံ စေတနာ့ ဝန်ထမ်းများလည်း ပူးပေါင်း ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

ရုရှား အနောက်ပိုင်းနှင့် အလယ်ပိုင်း ဒေသများတွင် အပူချိန် ၃၈ ဒီဂရီ စင်တီဂရိတ်ထိ မြင့်တက်ပြီးနောက် တောမီးများ ကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားလာခဲ့ပြီး ယခုအခါ လူနေအိမ်ခြေ ၂၀၀၀ ကျော်ပါ မီးလောင်ကျွမ်း ပျက်စီးသွားပြီဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here