ပါ​က​စ္စ​တန်​ရေ​ဘေး​ ​ဒု​က္ခ​သည်​များ​ အ​ရေး​ အ​တွက်​​ ကုလသမဂ္ဂ​ ​ထိပ်​တန်း​ ကိုယ်​စား​လှယ်​ အ​ဖွဲ့​စေ​လွှတ်

alt

ကုလသမဂ္ဂ အဖွဲ့ကြီးက ပါကစ္စတန်တွင် ရေဘေးသင့် အခြေအနေ ကြံုနေ ရသည့် ဒုက္ခသည်များ အရေး ကူညီ ဆောင်ရွက်ရန်အတွက် ထိပ်တန်း ကိုယ်စားလှယ် အဖွဲ့ တစ်ခုအား ဩဂုတ် ၅ ရက်နေ့က စေလွှတ် လိုက်ကြောင်း သိရသည်။

နှစ်ပါတ်ကြာ ရေကြီးမှုများ ဖြစ်ပေါ်လာပြီးနောက် ရေဘေးသင့် ပြည်သူများတွင် အစားအသောက် ရှားပါးမှုနှင့် သောက်သုံးရေ ပြတ်လပ်မှုများ ကြံုနေရသည်။ ရေကြီးမှုကြောင့် အနည်းဆုံး လူပေါင်း ၁၅၀ဝ မျှ သေဆုံး ခဲ့သလို သီးနှံစိုက်ခင်းများ ကျေးရွာများလည်း ပျက်စီး ခဲ့ရသည်။ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းက ပါကစ္စတန် အနောက်မြောက်ပိုင်း ဒေသများတွင် အဓိက ဖြစ်ပေါ်ခဲ့သည့် သဘာဝ ဘေးဆိုးကြီး အတွက် ကူညီဖြေရှင်းရန် ဂျင်းမာရစ် ရီပတ်ဦးဆောင်သော အထူး ကိုယ်စားလှယ် အဖွဲ့အား အလျင်အမြန် စေလွှတ်ပေးခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂ၏ ကမ္ဘာ့အစားအသောက် ပရိုဂရမ်မှ ပြောရေးဆိုခွင့်ရ အရာရှိ အမ်းဂျက်ဂျာမဲက ရေဘေးသင့် ဒေသများအတွင်း အစားအစာ ပြတ်လပ်မှု ဆိုးဆိုးရွားရွား ဖြစ်လာနိုင်ကြောင်း သတိပေးထားသည်။ ပါကစ္စတန်သည် ဆယ်စုနှစ်များစွာအတွင်း နိုင်ငံသမိုင်းတွင် အကြီးမားဆုံး ရေကြီးမှုနှင့် တွေ့ကြံုခဲ့ရခြင်းဖြစ်သည်။ ပါကစ္စတန် ရေဘေးသင့် ပြည်သူများထံသို့ အမေရိကန်၊ ဗြိတိန်၊ တရုတ်နှင့် ဩစတြေးလျတို့ အပါအဝင် ကမ္ဘာ့နိုင်ငံ အတော်များများက ငွေကြေးနှင့် ထောက်ပံ့ရေး ပစ္စည်းများ ပေးပို့ခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here