Apple​ iPhone​ များ​ ​တ​ရုတ်​နိုင်ငံ​ ​အ​ခြေ​စိုက်​ Unicom​ ​ရောင်း​ချ​သွား​မည်

alt

တရုတ်နိုင်ငံ အခြေစိုက် Unicom သည် နိုင်ငံ အတွင်း Apple​ ကုမ္ပဏီထုတ် iPhone​ များကို ရောင်းချ​ သွားမည်ဟု ပြောကြားခဲ့သည်။ တရုတ်၏ စမတ်ဖုန်း လောကတွင် ဝင်ရောက် ယှဥ်ပြိုင်ရန်

Apple​ ၏ WiFi စနစ် အသုံးပြုနိုင်သော iPhone​ များအား Unicom က ရောင်းချ ပေးသွား မည်ဟုဆိုသည်။ Unicom​ က 8GB သိုလှောင် နိုင်စွမ်းရှိ iPhone​ များနှင့် တတိယမျိုးဆက် WiFi စနစ်တို့အား ပြည်တွင်းတွင် လာမည့် သီတင်းပါတ်မှ စတင် ရောင်းချ ပေးမည် ဖြစ်ကြောင်း ကုမ္ပဏီ ပြောရေး ဆိုခွင့်ရ အရာရှိ တစ်ဦးက ပြောဆို သွားသည်။ ထို့အပြင် WiFiစနစ် မပါသည့် 16GB​ နှင့် 32GB iPhone​ များကိုပါ ရောင်းချ​ သွားမည်ဟုဆိုသည်။ တရုတ် နိုင်ငံ၏ စမတ်ဖုန်း ဈေးကွက် ကျယ်ပြန့်လာသည့် အခြေအနေတွင် Apple​ နှင့် Unicom​ တို့က ပူးပေါင်းကာ ပါဝင် ယှဥ်ပြိုင် လာခြင်း ဖြစ်သည်။

တရုတ်သည် ကမ္ဘာပေါ်တွင် မိုဘိုင်းဖုန်း သုံးစွဲမှု အများဆုံး နိုင်ငံ တစ်ခုဖြစ်ပြီး ဖုန်းသုံးစွဲသူ သန်း ၆၀၀ ကျော် ရှိနေသည်။ ထိုင်ဝမ်အခြေစိုက် HTC​ သည်လည်း တရုတ်နိုင်ငံအတွက် ရည်ရွယ်ထားသည့် မိုဘိုင်းဖုန်း အမျိုးအစား ၄ ခုကို Unicom​ နှင့် ပူးပေါင်းကာ ပြီးခဲ့သည့် သီတင်းပါတ်က စတင်ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here