လျှပ်​တ​ပြက်​ ​မြတ်​ခိုင်​​​နှင့်​ ​အာ​ဇာ​နည်​နေ့​

alt

​လျှပ်​တ​ပြက်​ဂျာ​နယ်​ ​အ​တွဲ​ ​၂​ ​အ​မှတ်​ ​၉၇​ ​ ​စာ​မျက်​နှာ​ ​၃၂​ ​တွင်​ပါ​ရှိ​သည့်​​ ​ဒု​တိ​ယ​ ​ဗိုလ်​ချုပ်​ကြီး​ ​ချစ်​ဆွေ​ (ငြိမ်း​)​ ​နှင့်​​တွေ့​ဆုံ​ခြင်း​​ ​အ​ပိုင်း​တွင်​

​လျှပ်​တ​ပြက်​​ အ​ပါ​အ​ဝင်​ ​ဂျာ​နယ်​ ​၄​ ​၅​ ခု​တွင်​ ​အယ်​ဒီ​တာ​ချုပ်​အ​ဖြစ်​ ​တာ​ဝန်​ယူ​နေ​သည့်​​ ​အယ်​ဒီ​တာ​ချုပ်​ ​ဦး​​မြတ်​ခိုင်​ (လျှပ်​တပြက်​ ​မြတ်​ခိုင်)​ ​က​ ဒု​တိ​ယ​ ​ဗိုလ်​ချုပ်​ကြီး​ ​ချစ်​ဆွေ​ (ငြိမ်း​)​​ ​မေး​​မြန်​ရာ​တွင်​

ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံတော့ အန်ကယ်တို့က သိမ်ဖြူလမ်းမှာ ရှိနေတယ် ပေါ့နော်။ အဲဒီနေ့က တိုက်တိုက် ဆိုင်ဆိုင် အာဇာနည်နေ့ ဖြစ်နေတယ်။ အဲဒီနေ့က ဂျူဗလီဟောမှာ အန်ကယ်နဲ့ မစ္စတာ ဂျံုးကြီးတို့ ဗိုလ်ချုပ်အောင်ဆန်း အလောင်းကို ကြည့်ပြီး ငိုခဲ့ရတယ် ဆိုတဲ့ အတွေ့အကြံုလေး သိပါရစေ။

ဟု​ ​မေး​​မြန်း​ထား​ချက်​ကို​ ​ဖေါ်​ပြ​ပါ​ရှိ​ခဲ့​သည်​။

​ဤ​ကဲ့​သို့​​ ​အ​သက်​ ​၅၄​ ​ရှိ​နေ​ပြီ​​ ဖြစ်​ပြီး​​၊​​ ​၁၉၈၈​ ​ခု​နှစ်​ ​မ​တိုင်​မီအ​ထိ​ ​​ကြီး​​ကြီး​ကျယ်​ကျယ်​ ​နိုင်ငံ​တော်​အ​ဆင့်​ ​အ​ခန်း​အ​ခမ်း​များ​​ဖြင့်​​​ ကျင်း​ပ​ပြု​လုပ်​ခဲ့​သည့်​​ကို​ ​မှီ​ခဲ့​သည့်​​ ​ရှေ့​မှီ​နောက်​မှီ အယ်​ဒီ​တ​ချုပ်​ ​တဦး​ အ​နေ​ဖြင့်​​ လက်​လွတ်​စ​ပယ်​ ​မေး​​မြန်း​​ ​ပြော​ဆို​ခဲ့​ခြင်း​သည်​ ​အာ​ဇာ​နည်​နေ့​​ ​ဖြစ်​ပေါ်​လာ​ပုံ​ကို​ ​သေ​ချာ​ ​မ​လေ့​လာ​ ​သိ​ရှိ​ခဲ့​​ခြင်း​ဖြစ်​နိုင်​သ​ကဲ့​သို့​​ ​စစ်​အ​စိုး​ရ​ ​သ​ဘော​ထား​အ​တိုင်း​​ ​မျိုး​ဆက်​သစ်​ ​လူငယ်​များ​အား​​ ​အ​မြင်​မှား​​ ​အ​တွေး​မှား​များ​​ ​ဝင်​စေ​ရန်​ ​တ​မင်​ ​မီ​ဒီ​ယာ​က​နေ​ ​ဝါ​ဒ​ဖြန့်​သည့်​​ ​ပုံ​စံ​မျိုး​လဲ​ ​ဖြစ်​နေ​နိုင်​ကြောင်း​​ ​သုံး​သပ်​နေ​ကြ​သည်​။​​ ​

စကားပြောကို စာနဲ့ပြန်ရေးရင်း စာလုံးတွေ ကျကျန် ခဲ့တာလို့ပဲ ထင်ပါတယ်။ နောက်ပြီး ဒီခေတ် လူငယ်တွေ ဒီလောက် မတုန်းကြတော့ ပါဘူး။ သေချာတာက စကားစ တခုကို ပျိုးလိုက်တာ အပျိုးမတတ်တာဟု လျှပ်​တ​ပြက်​​ အယ်​ဒီ​တာ​ချုပ်​ ​ဦး​​မြတ်​ခိုင်​ (လျှပ်​ပြက်​ ​မြတ်​ခိုင်)​​​ ၏ စာ​နယ်​ဇင်း​​ပ​ညာ​ အ​ပေါ်​ ​​ ဖူး​ခက်​ အ​ခြေ​စိုက်​ ​မြန်​မာ​ ​ဘ​လော်​ဂါ​ တဦး​က​ သုံး​သပ်​သွား​ခဲ့​သည်​။​

Story Highlight

http://www.snapshot-news.com/snapshot/2_96/Data/32-1.jpg

http://www.snapshot-news.com/index.php?option=com_content&view=article&id=5609:2010-07-31-07-14-12&catid=376:vol2-no96&Itemid=120

LEAVE A REPLY

Please enter your comment!
Please enter your name here