​ရု​ရှား​တော​မီး​ကြောင့်​ ​သေ​ဆုံး​သူ​​ အ​ရေ​အ​တွက်​​ တိုး​မြင့်​လာ

alt

ရုရှားတွင် တောမီးများ ပျံ့နှံ့ လောင်ကျွမ်းမှုကြောင့် သေဆုံးသူ အရေ အတွက်သည် တစထက် တစ တိုးမြင့် လာနေကြောင်း သိရှိရသည်။ ခေတ်သစ် ရုရှား သမိုင်းတွင် အဆိုးရွားဆုံး တော မီးလောင်မှုများ နိုင်ငံ အလယ်ပိုင်း ဒေသတွင်

ဖြစ်ပွား နေပြီးနောက် သေဆုံးသူ အရေအတွက်သည် အနည်းဆုံး ၅၀ မျှ ရှိနေပြီ ဖြစ်သည်။

အာဏာပိုင်များက မီးကို ထိန်းသိမ်းရန် ကြိုးပမ်း နေဆဲ ဖြစ်သော်လည်း အရပ် လေးမျက်နှာသို့ ပျံ့နှံ့ ကူးစက်နေသည့် မီးညွန့်များကြောင့် အခက်အခဲ ကြံုနေရသည်။ လွန်ခဲ့သော ၂၄ နာရီအတွင်း မီးကူးစက်မှု ၃၇၃ ခုထိ ရှိခဲ့ပြီး ၂၅၄ ခုကို ငြှိမ်းသတ် နိုင်ခဲ့ကြောင်း မီးသတ် ဌာနကဆိုသည်။ ဩဂုတ်လ ၄ ရက်နေ့ထိ မီးကူးစက်မှုသည် ဟက်တာ ၁၉၆၀၀၀ ထိရှိလာကြောင်း သိရသည်။ သမ္မတ ဒီမီထရီ မက်ဗီဒက်နှင့် ဝန်ကြီးချုပ် ပူတင်တို့က ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များအား မီးကူး စက်ရာ ဒေသများ အတွင်းရှိ နျူကလီးယား ဓာတ်အားပေး စက်ရုံများ၏ လုံခြံုရေးကို အထူး ဂရုစိုက်ရန် အမိန့်ထုတ်ထားသည်။

မီးလောင်ရာမှ ထွက်ပေါ်လာသည့် မီးခိုးမြူများကြောင့် ဩဂုတ်လ ၄ ရက်နေ့က မော်စကိုမြို့တော် လေထုတွင်ပင် ပိတ်ဖုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ယခုလောင်ကျွမ်းသော တောမီးသည် ဇာဘုရင်လက်ထက်နောက်ပိုင်း ရုရှားနိုင်ငံ သမိုင်းတွင် အပြင်းထန်ဆုံးဟုလည်း သတင်းများက ဖော်ပြခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here