လွှတ်​တော်​မှ​ ​ကွန်​ပျူ​တာ​များ​တွင်​ ​ညစ်​ညမ်း​ ဝက်ဘ်​ဆိုက်​များ​​ ပြ​သ​နေသ​ဖြင့်​ ​အင်​ဒို​အ​မတ်​တို့​ ​မျက်​လုံး​ပြူး

alt

အင်ဒိုနီးရှား လွှတ်တော်တွင် တပ်ဆင် ထားသော ကွန်ပျူတာများမှ ညစ်ညမ်း ဝက်ဆိုက်များ ပြသ နေသဖြင့် လွှတ်တော် အတွင်းမှ ဥပဒေပြု အမတ်များ မျက်လုံး ပြူးစရာ ဖြစ်ခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၂ ရက်နေ့က လွှတ်တော် အပြင်ဖက်တွင် တပ်ဆင်ထားသည့် ကွန်ပျူတာများမှ အဆိုပါ ဝက်ဆိုက်များကို ဝင်​ရောက် ထားကြောင်း တွေ့ရှိရပြီးနောက် လုံခြံုရေး ဝန်ထမ်းများသည် ၁၀ မိနစ်မျှ အချိန်ယူပြီး ကွန်ပျူတာများကို လိုက်ပိတ် ခဲ့ရသည်။ ယင်း ကွန်ပျူတာများသည် အစိုးရ၏ လုပ်ဆောင်ချက်များကို လွှတ်တော်သို့ လာရောက် လေ့လာသည့် အများပြည်သူများ ကြည့်ရှုနိုင်ရန် ရည်ရွယ် တပ်ဆင် ထားခြင်းဖြစ်သည်။ လွှတ်တော် အထွေထွေ အတွင်းရေးမှူး နီနင်းအင်ဒရာက တစုံတဦးသည် အဆိုပါ ကွန်ပျူတာများဖြင့် ညစ်ညမ်း ဝက်ဆိုက်များ အား ကြည့်ရှု ခဲ့ဟန်ရှိကြောင်း ပြောကြားခဲ့သည်။ သူမက တာဝန် ရှိသူများ အနေနှင့် ယခု ကိစ္စ၏ လက်သည်ကို ခြေရာခံ ရှာဖွေနေကြောင်းလည်းဆိုသည်။

အင်ဒိုနီးရှား အာဏာပိုင်များသည် လာမည့် သီတင်းပါတ်တွင် စတင်ကျရောက်သော မွတ်ဆလင် ဘာသာရေးအရ မြင့်မြတ်သည် ရာမာဒန် ဥပုသ်လအတွင်း ညစ်ညမ်းဝက်ဆိုက်များကို ပိတ်ပင်တားဆီးသွားရန် စီစဥ်နေကြောင်းလည်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here