ရော​ဂါ​ဆိုး​ရှိ​နေ​ကြောင်း​ကို​ ​ခွေး​ကိုက်​မှ​ သိ​လိုက်​ရ​သည့်​ ​အ​မေ​ရိ​ကန်​နိုင်ငံ​သား

alt

အမေရိကန် နိုင်ငံ မစ်ချီဂန်မှ အမျိုးသား တစ်ဦးသည် ၎င်း၏ ကျန်းမာရေး ချွတ်ယွင်းနေမှု တစ်ခုအား အသိပေးခဲ့သည့် အတွက် မွေးထားသည့် ခွေးအား ကျေးဇူးတင် နေကြောင်း သိရသည်။

အရက်မူးပြီး ပြန်လာသည့် ဂျယ်ရီဒူးသရက်သည် ၎င်း အမူးပြေပြီး အိပ်ရာမှ နိုးလာချိန်တွင် ခြေမ တစ်ဖက်မှာ အိမ်တွင် မွေးထားသည့် တယ်ရီယာ ခွေးကလေးက ကိုက်ဝါး ထားသဖြင့် လုံးဝ မရှိတော့ သလောက် နီးပါး ဖြစ်နေကြောင်း အလန့်တကြား တွေ့ရှိခဲ့သည်။ အသက် ၄၈ နှစ် အရွယ် ဂီတသမား၏ ဇနီးဖြစ်သူက ခင်ပွန်း၏ ထိတ်လန့်တကြား အော်သံကြောင့် ရောက်ရှိ လာပြီးနောက် ဂျယ်ရီအား ဆေးရုံသို့ အလျင်စလို ပို့ဆောင်ခဲ့သည်။ ဂျယ်ရီ၏ ဒဏ်ရာကို စစ်ဆေးမှု ပြုလုပ် ပြီးနောက် ဆရာဝန်များက ဂျယ်ရီတွင် ထူးခြားသော သွေးတိုး ရောဂါ အခြေအနေ တစ်မျိုး စတင် နေပြီဖြစ်ကြောင်း ဖော်ထုတ် နိုင်ခဲ့သလို အရိုးတွင် ပိုးဝင် နေကြောင်းလည်း တွေ့ရှိခဲ့သည်။ ထို့နောက်တွင်တော့ ဆရာဝန်များက ဂျယ်ရီ၏ ပြတ်နေသော ခြေမ ၏ အကြွင်းအကျန် အပိုင်းကိုပါ ဖြတ်တောက်ပေးလိုက်လေသည်။

ပြီးခဲ့သည့်လက ဆေးရုံမှ ဆင်းခွင့်ရခဲ့သည့် ဂျယ်ရီက ခြေမတစ်ဖက် ဆုံးရှုံးခဲ့သော်လည်း အသက်အန္တရာယ် ရှိနိုင်လောက်အောင် ဆိုးဝါးသည့် ဆီးချိုရောဂါ အခြေအနေကို ကြိုတင်သိခွင့် ရခဲ့ခြင်းကြောင့် မိမိ၏ ခွေးလေးအား ကျေးဇူးပင် တင်မိကြောင်း ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here