ဗြိ​တိန်​နိုင်ငံ​မှ​ လိင်​မှု​ဆိုင်​ရာ​ ​အ​ပျော်​ကြူးဧည့်​ခံ​ပွဲ​များ​ ​ပြု​လုပ်​ခြင်း​ ​ပိတ်​ပင်​ခံ​ရ

alt

ဗြိ​တိန်​နိုင်ငံ​မှ​ ​အ​မျိုး​သား​ ​တစ်ဦး​သည်​ ၎င်း​၏​အိမ်​တွင်​ ​လိင်​မှု​ဆိုင်​ရာ​ ​အ​ပျော်​ကြူး​သည့်​ ဧည့်​ခံ​ပွဲ​များ​ ​ပြု​လုပ်​လေ့​ရှိ​ခြင်း​မှ​ ​ပိတ်​ပင်​ခံ​လိုက်​ရ​ကြောင်း​ ​သိ​ရ​သည်​။​

​လ​န်​ဒန်​မြို့​လယ်​ရှိ​ ​၁၈​ ​ရာ​စု​လက်​ရာ​ ​နေ​အိမ်​တွင်​ ​နေ​ထိုင်​သော​ ​အက်​ဒွယ်​ဒါ​ဗင်​ပို့​နှင့်​ ၎င်း​၏​ဝါ​သ​နာ​တူ​ ​မိတ်​ဆွေ​သူငယ်​ချင်း​များ​သည်​ ​ထို​သို့​သော​ ​ပါ​တီ​ပွဲ​များ​ကို​ ​ကျင်း​ပ​လေ့ရှိ​ပြီး​ ​ဝတ်​လစ်​စား​လစ်​ ​တိုင်​ဖက်​အ​က​များ​ ဆူ​ဆူ​ညံ​ညံ​ ​က​လေ့​ရှိ​သ​ဖြင့်​ ​အိမ်​နီး​ချင်း​များ​က​ ​ရဲ​တပ်​ဖွဲ့​ထံ​ ​တိုင်​ကြား​ခဲ့​သည်​။​ ​ယ​ခု​အ​ခါ​ ​လန်​ဒန်​ရဲ​တပ်​ဖွဲ့​က​ ဒါ​ဗင်​ပို့​ကို​ ပတ်​ဝန်း​ကျင်​အ​တွက်​ အ​နှောင့်​အ​ယှက်​ ​ဖြစ်​စေ​နိုင်​လောက်​သည့်​ ​ဒစ်​စ​ကို​အ​က​များ​နှင့်​ ​ပါ​တီ​ပွဲ​များ​ကို​ ​ပြု​လုပ်​ခွင့်မ​ပေး​ဘဲ​ ​ပိတ်​ပင်​လိုက်​ပြီ​ဖြစ်​သည်​။​

​ဒါ​ဗင်​ပို့​သည်​ ​ပါ​တီ​ပွဲ​သို့​ ​လာ​ရောက်​သူ​များ​ထံ​မှ​ လိင်​ပါ​တီ​ပွဲ​ ဝင်​နွှဲ​ခ​ ​ပေါင်​စ​တာ​လင်​ ​၉၀​ ​နှင့်​ ​အ​ဖော်​အ​ချွတ်​ ​တိုင်ဖက်​အ​က​ ​ပါဝင်​ကြည့်​ရှု​ခွင့်​အ​တွက်​ ​ငွေ​ ​၁၀​ ​ပေါင်​ကို​ ​တောင်း​ခံ​ရ​ယူ​လေ့​ရှိ​သည်​။​ ၎င်း​က​မူ​ ​မိ​မိ​၏​ ​စီး​ပွား​ရေး​အ​တွက်​ ​ဆောင်​ရွက်​နေ​မှု​သည်​ ​မည်​သည့်​အ​သံ​ဗ​လံ​မျှ​ ​ဆူ​ညံ​ထွက်​ပေါ်​ခြင်း​ ​မ​ရှိ​ကြောင်း​နှင့်​ ​အ​ဆို​ပါ​ကိ​စ္စ​ကို​ ​မ​နာ​လို​သည့်​ ​အိမ်​နီး​ချင်း​များ​က​ ​ချဲ့​ထွင်​တိုင်​ကြား​ခဲ့​ခြင်း​သာ​ဖြစ်​ကြောင်း​ ​ပြော​ဆို​သွား​သည်​။

LEAVE A REPLY

Please enter your comment!
Please enter your name here